DMG ဒါရိုက်တာ ပုဒ်မ ၁၇ (၂) ဖြင့် တရားစွဲဆိုခံရပြီး သတင်းထောက်ချုပ်အား ဆက်လက်စစ်ဆေး

DMG ဒါရိုက်တာ ပုဒ်မ ၁၇ (၂) ဖြင့် တရားစွဲဆိုခံရပြီး သတင်းထောက်ချုပ်အား ဆက်လက်စစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဂျာနယ်တိုက် မှ သတင်းထောက်ချုပ် ကိုနေဝင်းစံအား စစ်တွေမြို့ မြို့မရဲစခန်းက ယနေ့တွင် ဆက်လက် စစ်ဆေးမည်ဟု သတင်းရရှိသည်။

“ဟုတ်ပါတယ်။ ကျနော့်ကို မနေ့က ညနေပိုင်းမှာ ခေါ်ယူမေးမြန်းပါတယ်။ သတင်းနဲ့ပတ်သက်ပြီ တင်ဆက်ပုံ အဆင့်ဆင့်ကို မေးတယ်။ ကျနော့်ကို မေးမြန်းတဲ့အခါမှာ သတင်း ဂျာနယ်နဲ့ပတ်သက်လို့ များသောအားဖြင့်မေးတယ်။ ကျနော်ကလည်း သတင်းထောက်ရယ်၊ သတင်းထောက်ချုပ်ရယ်၊တာဝန်ခံ အယ်ဒီတာရယ်၊ ပြီးတော့ အယ်ဒီတာရယ် အဲ့လိုအဆင့်ဆင့် သွားတယ်လို့ ကျနော်က ပြန်ဖြေခဲ့တယ်။ မနေ့က မိုးချုပ်သွားတော့ ဒီကနေ့ ၉ နာရီ ရဲစခန်းကို ပြန်လာခဲ့ဖို့ ကျနော့်ကိုပြောပါတယ်။ သတင်းထောက် သက်နိုင်လည်း အတူပါလာပါတယ်”ဟု သတင်းထောက်ချုပ် ကိုနေဝင်းစံကဆိုသည်။

ရခိုင်ပြည်နယ်သတင်းတပ်ဖွဲ့ SP အဖွဲ့မှ Development Media Group ၏အလုပ်အမှုဆောင်အရာရှိနှင့် အယ်ဒီတာချုပ်အား မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၂)ဖြင့် တရားစွဲဆိုထားသည်ဟု ခေါ်ယူ မေးမြန်းခံရသူ သတင်းထောက်ချုပ်ကိုနေဝင်းစံက မီဒီယာသမားများကို ပြောသည်။

“သူတို့ကပြောတာက ရခိုင်ပြည်နယ် သတင်းတပ်ဖွဲ့ SP က တရားစွဲထားတာလို့ပြောတယ်။ ကျနော့်ကို စွဲထားတာတော့မဟုတ်ဘူးပေါ့။ ကျနော်တို့ရဲ့ Development Media Group ရဲ့အမှုဆောင်အရာရှိ နောက်ပြီးတော့ တာဝန်ခံအယ်ဒီတာချုပ် ကိုအောင်မင်းဦးကို ၁၇(၂)နဲ့ တရားစွဲ ထားတာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

DMG မှ သတင်းထောက်ချုပ်အား ခေါ်ယူ မေးမြန်းမှု အပေါ် စစ်တွေမြို့ အမှတ်(၁) မြို့မ ရဲစခန်းအားမေးမြန်းရာ မြို့မရဲစခန်းမှူးက “ ကျနော်တို့က ခေါ်ယူ မေးမြန်း တာဘဲ ရှိပါတယ်။ စစ်ဆေးတာတော့မဟုတ်သေးဘူး။ မစစ်ဆေးရသေးဘူး။ ဒီကနေ့ ပြန်ချိန်းထားတယ်။ ဆက်လက် စစ်ဆေးမှာပါ။ စစ်ဆေးပြီးမှ အားလုံးကို တိတိကျကျ ပြောနိုင်ပါလိမ့်မယ်။ အခုတော့ ပြောလို့ မရသေးဘူး”ဟု ဆိုသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...