Published
Monday, May 06, 2019
ရခိုင်ဘာသာ အစီအစဉ် (မေလ ၀၅၊ ၂၀၁၉)
ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး ရွာသား ၆ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။
အပြစ်မဲ့အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်နေမှုတွေကို အမြန်ဆုံးအရေးယူပေးဖို့ ရခိုင်အမျိုးသားပါတီက နိုင်ငံတော်အကြီးအကဲတွေဆီ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့လိုက်ပါတယ်။
ရခိုင်က စစ်ဘေးဒုက္ခသည်တွေအတွက် NGO, INGO တွေဆီက လူသားချင်းစာနာမှုအကူအညီပေးရေးအစီအစဉ်တွေကို ပြည်နယ်အစိုးရက ခွင့်ပြုပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းတောင်းဆိုလိုက်ပါတယ်။






