ဖမ်းဆီးခံထားရသည့် လက္ကာရွာသား ၂၇ ဦးထဲမှ ၃ ဦး သေဆုံး

ဖမ်းဆီးခံထားရသည့် လက္ကာရွာသား ၂၇ ဦးထဲမှ ၃ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၇ ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီး ခေါ်ဆောင်သွားရာ ထိုအထဲမှ ၃ ဦးသေဆုံးသွားသည်မှာ မှန်ကန်ကြောင်း သတင်းရရှိသည်။

"ဒီနေ့ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌနဲ့တွေ့ပြီးနောက်ပိုင်း စစ်တွေဆေး ရုံသွားပါတယ်။နောက်ပြီး ရဲစခန်းသွားပါတယ်။ ဆေးရုံကရော့ ရဲစခန်းကပါ အတည်ပြုပါတယ်။ သူတို့သုံးဦး သေဆုံးသွားတယ် ဆိုတာကို။ သေဆုံးသွားသူသုံးဦးရဲ့ ပုံတွေကိုလည်း ထုတ်ပြပါတယ်" လို့ မြောက်ဦးဒေသခံ ကိုဇော်ထွန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါမြန်မာ့တပ်မတော်စစ်ကြောရေးတွင် ရွာသား ၃ ဦးမှာ ကိုဇော်မျိုးထွန်း (၂၅ နှစ်) ယွန်းချောင်း ကျေးရွာ၊ ဦးသိန်းထွန်းစိန် (၃၅) နှစ် လက္ကာကျေးရွာနှင့် ဦးမောင်သန်းနု (၄၁) နှစ် လက္ကာကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။

"ကျွန်မယောင်္ကျားသေတယ်ဆိုတာ ကျွန်မ ခုထိမယုံသေးဘူး။ ကျွန်မ ယောင်္ကျာဟာ အေအေ မဟုတ် ပါဘူး။ကျွန်မယောင်္ကျားကို တေ့ွချင်ပါတယ်။ တကယ်လို့ ကျွန်မယောင်္ကျားသေသွားတယ် ဆိုရင်လည်း ကျွန်မယောင်္ကျားကို သတ်လိုက်သူတွေကို အရေးယူပေးဖို့ တောင်းဆို ပါတယ်" ဟု သေဆုံးသွားသူ တစ်ဦးဖြစ်သူ လက္ကာရွာသား ဦးမောင်သန်းနု၏ မိန်းမ ဒေါ်သန်းခင်ကြည်က နိရဉ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရဲတပ်ရင်း ၃၁ ကို ဧပြီ ၉ ရက်နေ့ ညဉ့်အချိန် ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက်တိုက်ခိုက်ပြီး ဧပြီ ၁၀ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်-စစ်တွေပြည်ထောင်စုကားလမ်းပေါ်ရှိ လက္ကာ ကျေးရွာ အနီး မြန်မာ့တပ်မတော်စစ်ကြောင်းနှင့် အရပ်ဝတ် ဝတ်ဆင်ထာသည့် အေအေတို့ ၂ နာရီခန့်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ကာ ထို့နောက်မသင်္ကာဖွယ်ရာရွာသား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ့တပ်မ တော်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ယနေ့ ဆက်သွယ်ရာ ဖုန်း အကြိမ်ကြိမ် ရိန်းသော်လည်း လက်ခံ ဖြေဆိုခြင်း မရှိပါ။

သို့သော်လည်း ဖမ်းဆီးခံရသူ ၂၇ ဦးထဲမှ ၃ ဦး သေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်း မြန်မာ့တပ်မတော် သတင်းမှန် ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မီဒီယာများအား အတည်ပြုပြောကြားသည်။

"ပထမတစ်ဦး နှလုံးရောဂါနဲ့သေဆုံးတယ်။ ဒုတိယတစ်ဦး ကြိုးဆွဲချပြီးသေဆုံးတယ်။ တတိယတစ်ဦးကတော့ ဆေးစွဲပြီး စိတ်ဓာတ် ကျပြီး သေဆုံးတာရှိပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်တွေပြည်သူဆေးရုံမှာ ရင်ခွဲစစ်ဆေး ပြီးတော့ သက်ဆိုင်ရာ ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်"ဟု ၎င်းက ပြောသည်။

မြန်မာ့တပ်မတော်က ဖမ်းဆီးသွားသည့်သူများ၏ မိသားစုဝင်များသည် ဧပြီလ ၂၅ ရက် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့်သွားရောက်တွေ့ဆုံ ခဲ့ပြီး ဧပြီလ ၂၆ ရက် နံနက် ၈ နာရီတွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် တွေ့ဆုံရန် ချိန်းဆိုထားကြောင်း ရွာသားများက ပြောသည်။

ဖမ်းဆီးခံထားရသည့် အထဲတွင် ပါဝင်သည့် ယခုနှစ် ဆယ်တန်းစာမေးပွဲ ဖြေဆိုထားသူ ကိုစိုးမိုးကျော် (၁၆) နှစ် မိခင် ဖြစ်သူက “ ကျွန်မသားမှာ ဘာမှ အပြစ်မရှိဘူး။ ဆယ်တန်းစာမေးပွဲပြီးလို့ အဒေါ်အိမ်မှာ လာလည်းရင်း အဖမ်းခံရတာပါ။ အခုအချိန်ထိ ကျွန်မတို့နဲ့ အဆက်အသွယ် မရသေးဘူး။ ဘယ်မှာထားမှန်းလည်း မသိဘူး။ အမြန်ဆုံးအဆက်အသွယ် ရချင်ပါတယ်” ဟု ပြောကြားသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...