မူဆယ်မြို့ အမှိုက်များ ကို အောင်ဂရုဏာမှ အချိန်မှန် မသိမ်းဆည်းပေး ဒေသခံလူထု ကျန်းမာရေးထိခိုက်မည်ကိုစိုးရိမ်

မူဆယ်မြို့ အမှိုက်များ ကို အောင်ဂရုဏာမှ အချိန်မှန် မသိမ်းဆည်းပေး ဒေသခံလူထု ကျန်းမာရေးထိခိုက်မည်ကိုစိုးရိမ်
Photo by မူဆယ်သူ မူဆယ်သားများ Page – မူစယ်မြို့လယ်က အမှိုက်ပုံတချို့
Photo by မူဆယ်သူ မူဆယ်သားများ Page – မူစယ်မြို့လယ်က အမှိုက်ပုံတချို့

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင် နေရာအနှံ့ အမှိုက်များစုပုံ မှုကြောင့် ဒေသခံများ အတွက် ကျန်းမာရေး စိုးရိမ်မှုများဖြစ်နေရကြောင်း သိရသည်။

အမှိုက်သိမ်းရန် တာဝန်ယူထားသည့် အောင်ဂရုဏာ ကုမ္ပဏီ သည် အချိန်မှန် အမှိုက်မသိမ်းဆည်းမှုကြောင့် ဒေသခံများ အခက်ကြုံနေရကြောင်း မူဆယ် ဒေသခံ တဦးဖြစ်သည့် စိုင်းမောင် က ပြောသည်။

“ အမှိုက် သိမ်းတာ လာချင်တဲ့အချိန်လာတယ်။ သိမ်းချင်တဲ့အချိန်သိမ်းတယ်။ ကျနော်တို့ အိမ်ရှေ့မှာ အမှိုက်တွေ စုပုံနေတာ ၅ ရက်ရှိပြီ။ အနံ့တွေကလည်း အရမ်းဆိုးတယ်” ဟု စိုင်းမောင် က ပြောသည်။

အမှိုက်သိမ်းရန် ကန်ထရိုက် ယူထားသည့် အောင်ဂရုဏာ ကုမ္ပဏီသည် အချိန်မှန်မှန်အမှိုက်မသိမ်းဖြစ်သော်လည်း အမှိုက်သိမ်းခကိုမူ အချိန်မှန်မှန်လာကောက်နေသည့် အပေါ်လည်း ဒေသခံများက ဝေဖန်နေကြသည်။

“ အမှိုက်သိမ်းတာ မမှန်တာ။ ငွေကတော့ လမကုန်ခင် ဖြတ်ပိုင်းလာပြီ။ အမှိုက်မသိမ်းနိုင်ရင်လည်း ကန်ထရိုက် ဆက်မဆွဲနဲ့လေ။ အခုဆို မူဆယ်မြို့က အမှိုက်မြို့တော် ဖြစ်နေပြီ” ဟု စိုင်းမောင်က ထောက်ပြလိုက်သည်။

အမှိုက်သိမ်း ကန်ထရိုက်ရထားသည့် အောင်ဂရုဏာ ကုမ္ပဏီသည် တအိမ်ကို တလ လျှင် အမှိုက်သိမ်းခ ၂၀၀၀ ကျပ် ကောက်ခံကြောင်း သိရသည်။

“ အောင်ဂရုဏာ က လစဉ် အမှိုက်ကောက်ပေမယ့် အမှိုက်တွေက လမ်းပေါ်မှာပုံနေတယ်။ နေရာတကာ အမှိုက်တွေနဲ့ပြည့်နေတယ်။ ကျနော်တို့ မူဆယ်မြို့ကတော့ လောင်းကစားရုံတွေ၊ မူးယစ်ဆေးတွေ အမှိုက်တွေနဲ့ မသာယာ မလှပတော့ဘူး” ဟု ဂရုဏာ လူူမှု ကူညီရေး အသင်းမှ ဦးသောင်းထွန်း ကပြောသည်။

Photo by မူဆယ်သူ မူဆယ်သားများ Page – မူစယ်မြို့လယ်က အမှိုက်ပုံတချို့

လက်ရှိ မူဆယ်မြို့ လယ်ခေါင် အထင်ကရ နေရာဖြစ်သည့် နာရီစင်၊ မူဆယ်မြို့ပြည်သူ့ဆေးရုံ၊ ကမ္ဘောဇဘဏ် နှင့် လမ်းမပေါ်တွင် အမှိုက်များ စွန့်ပစ်ထားသည်မှာ အမြင်မတော် သလို မြို့ အင်္ဂါရပ်နှင့်လည်း မညီကြောင်း မူဆယ် ဒေသခံများက ပြောဆိုသည်။

မူဆယ်မြို့ ပုဂ္ဂလိက အမှိုက်သိမ်း ကို အောင်ဂရုဏာ ကုမ္မဏီ မှ နှစ် ၃၀ ရရှိထားပြီး ၂၀၁၅ ခုနစ်တွင် စတင်ခဲ့သည်။

သို့သော် ၄င်းကုမ္ပဏီ သည် အမှိုက် စနစ်တကျ မသိမ်းဆည်းခြင်း၊ အချိန်မှန်မသိမ်းဆည်းခြင်းတို့ကြောင့် မူဆယ် ဒေသခံများက ၂၀၁၇ ခုနှစ်သြဂုတ်လက ဆန္ဒပြခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...