ကရင်တို့၏ အထင်ကရ သဘာဝအလှ ဖော်ညွှန်းသည့် ဓါတ်ပုံပြိုင်ပွဲ ပြုလုပ်မည်

ကရင်တို့၏ အထင်ကရ သဘာဝအလှ ဖော်ညွှန်းသည့် ဓါတ်ပုံပြိုင်ပွဲ ပြုလုပ်မည်

ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီက နှစ်စဉ်ထုတ်ဝေလျက်ရှိသည့် ပြက္ခဒိန်တွင် အသုံးပြုရန် ကရင်တို့၏ အထင်ကရ အထိမ်းအမှတ်နေရာများ၊ သဘာဝအလှ စသည်တို့ကို ဖော်ညွှန်းသည့် ဓါတ်ပုံပြိုင်ပွဲ ပြုလုပ်သွားမည်ဟု ကော်မတီအတွင်းရေးမှူး မန်းသန်းဝင်းဦးက ပြောသည်။

အဆိုပါ ဓါတ်ပုံပြိုင်ပွဲတွင် ကရင်လူမျိုးများနေထိုင်သည့် ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ နေပြည်တော် ကောင်စီနယ်မြေရှိ ကရင်ဖြူ (ကညောဝါး)၊ တောင် တန်း ဒေသစသည်တို့ရှိ အထင်ကရ နေရာများ၊ သဘာဝတောတောင်၊ ပင်လယ်ကမ်းခြေအလှအပများကို ဖော်ညွှန်းသည့် ပုံများ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

“ကရင်လူမျိုးတွေဟာ ရွှေ့ပြောင်းနေထိုင်တဲ့ လူမျိုးတွေမဟုတ်ဘူး။ ဌာနေတိုင်းရင်းသားတွေဖြစ်တယ်။ နေထိုင် တဲ့ဒေသ တွေမှာလည်း တော၊ တောင်၊ ရေ၊ မြေ၊ အထင်ကရ သဘာဝအလှတွေ အများကြီးရှိတယ်။ ဒါတွေကို ပြန်ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြိုင်ပွဲလုပ်သွားမှာဖြစ်တယ်။ ဓါတ်ပုံတွေကို ပြက္ခဒိန်မှာရော၊ ကရင်ဖတ်စာအုပ်တို့ အများအကျိုးနဲ့ ဆိုင်တဲ့နေရာတွေမှာသုံးသွားဖို့ ရည်ရွယ်တယ်”ဟု မန်းသန်းဝင်းဦးက ပြောသည်။

ဓါတ်ပုံပြိုင်ပွဲသို့ ကရင်လူမျိုးတိုင်းပါဝင်ခွင့်ရှိကာ၊ အထက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းတွင် ရိုက်ယူ ထားသည့် ပုံဖြစ် ရန်လိုပြီး ဒီဂျစ်တယ်နည်းပညာဖြင့် ပြန်လည် ပြုပြင်ထားသည့် ပုံများ မဖြစ်ရန်လိုသည်။ ပြိုင်ပွဲ ဝင်ဓါတ်ပုံများမှာ ၁၀”× ၁၄” အရွယ်အစားဖြစ်ရမည်ဖြစ်ကာ မေ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မန်းသန်းဝင်းဦး အမှတ် ၅၂၄၊ ၄ လွှာ၊ အောက်ကြည့်မြင်တိုင်လမ်း၊ အနောက်ပိုင်းဆေးရုံမျက်စောင်းထိုး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်သို့ လိပ်မူ၍ ပေးပို့ ယှဉ်ပြိုင်နိုင်ပြီး အသေးစိတ်စည်းကမ်းချက်များကို ၎င်းထံ ဆက်သွယ်မေးမြန်း နိုင်ကြောင်း မန်းသန်းဝင်းဦးက ပြောသည်။

ပြိုင်ပွဲဝင်ဓါတ်ပုံများထဲမှ ပထမဆုကို ကျပ်နှစ်သိန်း၊ ဒုတိယဆုကို ကျပ်တစ်သိန်းခွဲ၊ တတိယဆုကို ကျပ်တစ်သိန်းနှင့် အထူး ဆုနှစ်ဆု ကျပ်ငါးသောင်းနှုန်းဖြင့် ချီးမြှင့်သွားမည်ဟု ပြိုင်ပွဲတာဝန်ရှိသူများက ပြောသည်။

၅၄ နှစ်ကြာသက်တမ်းရှိ ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီအနေဖြင့် နှစ်စဉ် ပြက္ခဒိန်ထုတ်ဝေ မှုပြုလုပ်ခဲ့သော်လည်း ယခုလို ဓါတ်ပုံပြိုင်ပွဲကိုမူ ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်ဟု ကော်မတီတာဝန် ရှိသူများ ထံမှသိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...