မန်တုံမှာ TNLA က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီးမြေရှားတူးဖို့ပြင်ဆင်နေ

မန်တုံမှာ TNLA က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီးမြေရှားတူးဖို့ပြင်ဆင်နေ

ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့ စမ်းသပ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဟာ တရုတ်လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး မန်တုံဒေသမှာ မြေရှားသတ္တုတူးဖို့ ပြင်ဆင်နေပြီဖြစ်ကာ လက်ရှိမှာသတ္တုလုပ်ကွက်အတွက် စမ်းသပ်တူးဖော်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေကန့်ကွက်နေပါတယ်။

“မြေရှားသတ္တုတူးမဲ့စီမံကိန်းက ၂၀၂၅ က စမ်းသပ်ကာလ၊ ၂၀၂၆ ခုနှစ်ကစပြီး လုပ်ငန်းစတော့မယ်တဲ့။ အခုက မိုင်းဝီးနဲ့ မန်တုံကြား အဓိက လိုက်စမ်းသပ်နေကြတယ်။ ဒီမန်တုံမြို့နယ်မှာ အဓိကတူးဖို့ စမ်းသပ် တူးဖော်နေကြပြီ ဟုတ်တယ်”လို့ မန်တုံဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး PSLF/TNLA မှ တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး မန်တုံမြို့နယ်အတွင်း မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်လာခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် နိုဝင်ဘာလကစပြီး မန်တုံနဲ့ မိုင်းဝီး(မုံးဝီး) ကြားက ကျေးရွာတွေထဲမှာ မြေရှားသတ္တု လုပ်ကွက်အတွက် နေရာရှာဖွေခြင်းနဲ့ လက်တွေ့စမ်းသပ်တူးဖော်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေရှားသတ္တုတူးဖော်ဖို့ တရုတ်ကုမ္မဏီစုစုပေါင်း ၂၅ ခု ရှိကာ မြေရှားလုပ်ကွက်ပေါင်း ၂၅ ခု တူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိ TNLA အနေနဲ့ မန်တုံဒေသမှာ မြေရှားသတ္တုတူးဖော်ဖို့ လိုက်လံစမ်းသပ်ရာမှာ လူနေထူထပ်တဲ့မြို့၊ ရွာအနီးနား စမ်းသပ်ခြင်းမဟုတ်ပဲ ကချင်ရွာ၊ လီဆူရွာ၊ ပလောင်ရွာစတဲ့ လူနည်းစုနဲ့ ရှိကြတဲ့ ကျေးရွာတွေမှာသာ အဓိကလိုက်လံစမ်းသပ် နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန်တုံနဲ့ မိုင်းဝီး(မုံးဝီး) ကြားနေရာတော်တော်များများမှာ လိုက်လံစမ်းသပ်တာမျိုး လုပ်လာတာကြောင့် တစ်ချို့နေရာတွေမှာတော့ ဒေသခံတွေ ကန့်ကွက်ပြောဆိုနေတာမျိုးလည်း ရှိနေသလို မြေပြင်မှာ တာဝန်ရှိတဲ့ TNLA အုပ်ချုပ်ရေးတာဝန်ခံတွေထံ စာထည့်ထားတာတွေလည်း ရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အခုသူတို့ လိုက်စမ်းသပ်နေဆဲကာလမှာ တချို့နေရာတွေမှာတော့ ကန့်ကွက်တဲ့သူတွေရှိသလို တချို့နေရာတွေက ဘာမှမပြောပဲ ဒီတိုင်းကြည့်နေတာမျိုးလည်း ရှိတယ်။ သူတို့က လက်နက်နဲ့ ဘာနဲ့ စစ်သားတွေလည်း ပါလာတာမျိုးတွေရှိတော့ ဒေသခံတွေလည်း အရမ်းကြီးမပြောရဲသေးဘူး။ တချို့လည်း စာထည့်တာမျိုးတွေ၊ ကန့်ကွက်တာမျိုးတွေ တော့ရှိတယ်။ အဓိက ဒေသခံတွေရဲ့ မွေးမြူ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ထိခိုက်လာမှာ အရမ်းစိုးရိမ်တယ်၊ သောက်သုံးရေပျက်စီးလာမှာစိုးရိမ်တယ်။ အခုသူတို့ရဲ့ အသွားအလာကိုကြည့်ရင်တော့ ဒေသခံတွေ သဘောမတူလည်း မြေရှားတူးမဲ့အစီအစဉ်ကို လုပ်နေတဲ့ပုံစံတော့ ဟုတ်တယ်”လို့ မန်တုံဒေသခံက ဆက်ပြောပါတယ်။

ဒေသခံတွေ စာထည့်ထားတာတွေ၊ ကန့်ကွက်ထားတာတွေအပေါ် TNLA ဘက်က တုံ့ပြန်ခြင်းမရှိသေးသလို လက်ရှိမှာတော့ စမ်းသပ်ကာလဖြစ်ပြီး အတည်တကျလုပ်ငန်းဝင်လုပ်နေတာမျိုးတွေမရှိသေးတာကြောင့် ဒေသခံတွေလည်း စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ မန်တုံမြို့နဲ့ နမ့်ခမ်းမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးကိုလည်း TNLA ဟာ တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး လမ်းလုပ်ဘတ်ဖိုးစက်ယန္တရားပေါင်း ၅၀ ခန့်နဲ့ လမ်းလုပ်သား အင်အားအမြောက်အများသုံးပြီး လမ်းခင်းနေတာမျိုးလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါကြောင့် PSFL/TNLA ဟာ တရုတ်ကုမ္မဏီတွေနဲ့ လက်တွဲပြီး မန်တုံမြို့နယ်အတွင်း မြေရှားသတ္တုတူးဖော်ဖို့ စီမံကိန်းဖြစ်မြောက်အောင် အကောင်အထည်ဖော်နေတာကို တွေ့ ရတယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။

ရှမ်းမြောက် မန်တုံနဲ့ နမ္မတူဒေသတွေမှာ သတ္တုရိုင်း၊ သတ္တုတူးဖော်ရေး လုပ်ငန်းဆိုဒ်တွေကို TNLA နဲ့ KIA နှစ်ဖက်တပ်က ထိန်းချူပ်ထားမှုရှိတယ်လို့ သိရပါတယ်။ 

မန်တုံအထက် မိုင်းဝီး(မုံးဝီး) ကိုတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ထိန်းချူပ်ထားပါတယ်။

March 24, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု...
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...