သျှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ် သျှမ်းသင်္ကြန် ကျင်းပ

သျှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ် သျှမ်းသင်္ကြန် ကျင်းပ
Photo by Sai Yan Naung- သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ပထမအကြိမ်အဖြစ် သျှမ်းတိုင်းရင်းသားလူငယ်များက ရိုးရာသင်္ကြန် ပွဲ ဧပြီလ ၁၉ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပ
Photo by Sai Yan Naung- သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ပထမအကြိမ်အဖြစ် သျှမ်းတိုင်းရင်းသားလူငယ်များက ရိုးရာသင်္ကြန် ပွဲ ဧပြီလ ၁၉ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပ

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ပထမအကြိမ်အဖြစ် သျှမ်းတိုင်းရင်းသားလူငယ်များက ရိုးရာသင်္ကြန် ပွဲ ကျင်းပရာ ပါ၀င်ပူးပေါင်းသူများပြားစည်ကားလျှက်ရှိကြောင်းသိရသည်။

သျှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲ ဟုအမည်ပေးကာ ကမ္ဘောဇလမ်း ၊ ရေအေးကွင်းရပ်ရှိ C3 cafe ၀င်းတွင် ဧပြီလ ၁၉ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည် ။

”အဓိက ကတော့ သျှမ်းလူငယ်တွေ စည်းစည်းလုံးလုံး ရှိဖို့နဲ့ သျှမ်း ပြည်နယ်တိုင်းရင်းသား များ သင်္ကြန် ၊ ပြည်ထောင်စု တိုင်းရင်းသားများ သင်္ကြန် အထိပါ ကျင်းပဖို့ ရည်ရွယ် ချက်ရှိပါတယ် ” ဟု သျှမ်းသင်္ကြန် ပွဲဖြစ်မြောက်ရေးကော်မတီဝင် နန်းမြဦး က ပြောသည်။

သျှမ်းတိုင်းရင်းသားရိုးရာ သင်္ကြန် ပွဲသို့ တက်ရောက်လာသော တောင်ကြီး ဒေသခံ နန်းဟွမ်ခေး ကလည်း “ အနယ်နယ်အရပ်ရပ်က သျှမ်းလူငယ်တွေ လာစု ရုံးကြပြီး ရိုးရာဝတ်စုံ တွေနဲ့ ယဉ်ယဉ်ကျေးကျေး ရေကစားကြတာ ဒီဘက်ခေတ်မှာ သိပ်မရှိတော့ဘူးလေ ၊ ကောင်းပါတယ်လို့ပဲ မှတ်ချက် ပြုမိတယ်”ဟုဆိုသည်။

ရန်ကုန် ၊ မန္တလေး ၊ ပင်လုံ ၊ ပင်လောင်း နှင့် တောင်ကြီး မြို့နယ်မှ သျှမ်းလူငယ်များ ပူးပေါင်းပါ ဝင် ခဲ့ပြီး လူအင်အား ငါးရာကျော်ခန့်သည် ကျိုင်းတုံ ဘုန်းကြီး ကျောင်းရှေ့မှစ၍ C3 cafe အထိ အိုးစည်ဗုံမောင်းများဖြင့် လှည့်လည်ခဲ့ကြသည်။

C3 cafe ၀င်းတွင် သျှမ်းရိုးရာ အက များဖြင့်ဖျော်ဖြေ တင်ဆက်ကြပြီး စတုဒိသာစျေးတန်း များဖြင့် ပွဲလာပရိသတ်များအား ကျွေးမွေး ခဲ့ကြောင်း ဆက်လက်သိရှိရပါသည် ။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...