တောင်ကြီးသင်္ကြန်ကာလ အကြိုလုံခြုံရေးဆောင်ရွက်ရာတစ်ပတ်အတွင်း (၁၄) မှု အရေးယူနိုင်ခဲ့ဟုဆို

တောင်ကြီးသင်္ကြန်ကာလ အကြိုလုံခြုံရေးဆောင်ရွက်ရာတစ်ပတ်အတွင်း (၁၄) မှု အရေးယူနိုင်ခဲ့ဟုဆို
Photo by Ying Tai (SHAN) - တောင်ကြီး မြို့ပြင် ၊ သစ်တောဂိတ် Royal Taunggyi hotel အနီးတွင် ဧပြီလ (၁၀) ရက်နေ့ ည ရ နာရီ ဝန်းကျင် အချိန်၌ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးပိုင်းအဖွဲ့များပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်
Photo by Ying Tai (SHAN) - တောင်ကြီး မြို့ပြင် ၊ သစ်တောဂိတ် Royal Taunggyi hotel အနီးတွင် ဧပြီလ (၁၀) ရက်နေ့ ည ရ နာရီ ဝန်းကျင် အချိန်၌ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးပိုင်းအဖွဲ့များပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်

တောင်ကြီးမြို့ပေါ်သင်္ကြန်ကာလ အကြိုလုံခြုံရေးအတွက်ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာ တစ်ပတ်အတွင်း လက်နက်မှု (၃) မှုနှင့် မူးယစ်ဆေးဝါး မှု (၁၁) မှုစုစုပေါင်း(၁၄) မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်ထံမှသိရ သည်။

” သင်္ကြန်ကာလမှာ ခိုက်ရန်ဖြစ် ပွားမှုတွေ ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ၊ အရက်သေစာ မူးယစ်သောက်စားတာတွေ ၊ ကာမ ရာဂ စိတ်ကြွဆေးတွေစားပြီး မှုခင်းကျူးလွန်တာတွေ သင်္ကြန်တွင်းမဖြစ်သင့် တဲ့အမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းဖြစ်တယ် ၊ တောင်ကြီးမြို့ပေါ် ၅ နေရာ လောက် ပိတ်ဆို့ ရှာဖွေမှုတွေပြုလုပ်သွားမှာ ဖြစ်တယ် ” – ဟု ရဲမှူးမောင်မောင်နိုင်က ပြောသည် ။

တောင်ကြီး မြို့ပြင် ၊ သစ်တောဂိတ် Royal Taunggyi hotel အနီးတွင် ဧပြီလ (၁၀) ရက်နေ့ ည ရ နာရီ ဝန်းကျင် အချိန်၌ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးပိုင်းအဖွဲ့များပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

” ခုခေတ်သင်္ကြန်က တစ်နှစ်ထက်တစ်နှစ် ရိုင်းလာတယ် ၊ လူငယ်တွေ ဆေးမူးမယ် ၊ အရက်မူးမယ် ၊ ရန်ဖြစ်ကြမယ် တော်တော် သတိထားရမယ့် အချက်တွေပါ ” ဟု တောင်ကြီးဒေသခံ အိုက်ထွန်းက ပြောသည် ။

တောင်ကြီးမြို့ပေါ်သင်္ကြန်ကာလအတွင်း ဖျော်ဖြေရေး မဏ္ဍပ်နှင့် အများပြည်သူအပမ်းဖြေသည့်နေရာ များတွင် လုံခြုံရေးအင်အား (၁၈၈) ဦးခန့် ထား ရှိမည်ဖြစ်ပြီးလှည့်ကင်းများ နေ့ရောညပါ လှည့်လည်ဆောင်ရွက်သွားမည်ဟု ရဲမှူးမောင်မောင်နိုင်ထံမှဆက်လက်သိရှိရပါသည် ။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...