၅ ရက်အတွင်း မယ်ဆိုင်-တာချီလိတ်ဂိတ်မှနေရပ်ပြန်သည့် ထိုင်းရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမား ၄ သောင်းခန့်ရှိ

၅ ရက်အတွင်း မယ်ဆိုင်-တာချီလိတ်ဂိတ်မှနေရပ်ပြန်သည့် ထိုင်းရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမား ၄ သောင်းခန့်ရှိ

သင်္ကြန်ကာလအတွင်း ထိုင်းအစိုးရက ၄င်းနိုင်ငံအတွင်းရှိရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်ခွင့် ၁ လ ခွင့်ပေးထားရာ ၅ ရက်အတွင်း မယ်ဆိုင်-တာချီလိတ်နယ်ခြားဂိတ်တနေရာတည်းတွင်ပင် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်စာရင်းမှာ ၄ သောင်းနီးပါးရှိကြောင်းသိရသည်။

“ဧပြီလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ လူတော်တော်များများထွက်တယ်။ ဂိတ်စောင့်အာဏာပိုင်တွေ ဆီမှာသိရတဲ့စာရင်းအရ ၄၀၀၀၀ နီးပါး လို့ဆိုပါတယ် ။ ဒါတောင်မှ တခြား ဖြတ်လမ်းကနေပြန်တာမပါသေးဘူး စာရင်းက။ ထိုင်းအစိုးရခွင့်ပြုတဲ့ကာလထဲမှာဘဲပြန်ကြရမှာမို့လို့ အလုအယက် ပြန်ကြတာလည်းပါမှာပါ။ ”- ဟု တာချီလိတ်နေ ကုန်သည် စိုင်းဦး ကပြောသည်။

ထိုင်းနိုင်ငံအစိုးရက ဧပြီလ ၅ ရက်မှ ၃၀ ရက်နေ့အထိ ၂၅ ရက်အတွင်း ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်လည်ခွင့်တရားဝင်ပေးထားပြီးနယ်စပ်ကူးခ ၊ ဗီဇာ ပတ်စပို့တံဆိပ်တုံးထုကြေးပေးဖို့မလို ဟုလည်းကြေငြာထားသည်။ သို့သော် ဧပြီလ ၃၀ ရက်နေ့နောက်ပိုင်းမှ ပြန်လာသူများအား လဝကရုံးတွင် တံဆိပ်တုံးသွားထုရမည်ဖြစ်ပြီး ဘတ်ငွေ ၂၀၀၀ ကုန်ကျရမည်ဖြစ်ကြောင်းလည်း အစိုးရကထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်နိုင်ရန် တရားဝင်ခွင့်ပြုထားသည့်နယ်စပ်လမ်း ၃ လမ်း (တာချီလိတ်-မယ်ဆိုင်လမ်း၊ ရယောင်း-ကော့သောင်းလမ်း၊ မြဝတီ-မဲဆောက်လမ်း) ရှိပြီး ၅ ရက်တာကာလအတွင်း အဆိုပါ လမ်းကြောင်း ၃ ခုမှနေရပ်ပြန်သူစာရင်းစုစုပေါင်း ၂ သိန်းခန့်ရှိကြောင်း ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများကွန်ရက်က ပြောသည်ဟု 7 Day သတင်းတွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်းရောက်ရှိအလုပ်လုပ်နေသော သျှမ်းပြည်သားအလုပ်သမား သိန်းနှင့်ချီရှိပြီး အများစုမှာ ချင်းမိုင်မြို့၊ လမ်းပွန်းမြို့တို့တွင်ခြံအလုပ်သမား၊ အိမ်အကူ ၊ ဆောက်လုပ်ရေး စသည်တို့တွင် လုပ်ကိုင်နေကြသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...