ဘန်ကောက်မြို့ Central World ကုန်တိုက်မီးလောင် လူ ၃ ဦးသေ ၇ ဦး ဒဏ်ရာရ

ဘန်ကောက်မြို့ Central World ကုန်တိုက်မီးလောင် လူ ၃ ဦးသေ ၇ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ပရထွန်းဝမ်းမြို့နယ်ရှိ Central World ဟိုတယ်နှင့်ကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွါးရာ လူ ၃ ဦးသေဆုံးမှုရှိပြီး ရ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်းသိရသည်။

Photo by Khao Sod- Central World ကုန်တိုက်မီးလောင်နေစဉ် လူတဦးခုန်ချနေပုံကို Khao Sod ထိုင်းသတင်းတွင်ဖော်ပြထားသည်

ဧပြီလ ၁၀ ရက် ထိုင်းနိုင်ငံစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်တွင် အထပ်ပေါင်း ၁၆ ထပ်ရှိ Central World ကုန်တိုက်၏ အထပ်နံပတ် ၈ မှ မီးလောင်မှုဖြစ်ပွါးခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရုပ်သံလိုင်းများတွင်ဖော်ပြသည်။

တာဝန်ရှိရဲများက အထပ်နံပတ် ၈ ရှိ ကားပါကင်မှ မီးစလောင်သည်ဟုဆိုသူများရှိသကဲ့သို့ စာရွက်စာတမ်းများ သိုလှောင်ထားသည့်အခန်းမှ မီးစတင်လောင်ကျွမ်းသည်ဟုလည်းပြောဆိုနေကြသည်။ သို့သော် လက်ရှိအချိန်အထိ မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းကို တရားဝင်ကြေငြာခြင်းမရှိသေးပေ။

Central-world

သို့သော် ထိုင်းနိုင်ငံစံတော်ချိန် ည ၈ နာရီအချိန်တွင်မူ – မီးလောင်ကျွမ်းသည့် ၈ ထပ်မှ ခုန်ချသဖြင့် လူ ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦးမှာ ကျူလားလုံးကွန်းဆေးရုံအရောက်တွင် သေဆုံးခဲ့ရကြောင်း၊ လူ ရ ဦးမှာ မီးခိုးမွန်ကာဒဏ်ရာရရှိသဖြင့် ရဲဆေးရုံတွင် ၅ ဦး ရတ်ချဝိထီဆေးရုံတွင် ၂ ဦး ဆေးကုသမှုခံယူနေကြောင်းထုတ်ပြန်ပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...