မြောက်ဦး ချောင်းသစ်မှ ကျည်ရှပ်ထိမှန်ခဲ့သည့်ကလေးငယ် စစ်တွေဆေးရုံသို့ ယူဆောင်သွားရ

မြောက်ဦး ချောင်းသစ်မှ ကျည်ရှပ်ထိမှန်ခဲ့သည့်ကလေးငယ် စစ်တွေဆေးရုံသို့ ယူဆောင်သွားရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာမှ ကျည်ရှပ်ထိမှန်ခဲ့သည့် အသက် ၁ နှစ် ၉ လအရွယ်ရှိ မမြတ်အေးခင်ကို အခုအခါ မြောက်ဦးဆေးရုံမှ စစ်တွေဆေးရုံသို့ ယူဆောင်သွားရသည်ဟု သတင်းရရှိသည်။

ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း (မြောက်ဦး) တာဝန်ရှိသူ တစ်ဦးက “ အခု ကလေးရဲ့ အဆုတ်ကနေ သွေးစိမ့်နေတယ်လို့ ပြောတဲ့ အတွက် အခုဘဲ စစ်တွေဆေးရုံကို ယူဆောင်သွားရပါတယ်။ ၂၄ နာရီ ကျော်သွားရင် စိတ်မချရလို့ သိရတဲ့ အတွက် စစ်တွေဆေးရုံကို ကားနဲ့ အခု ယူဆောင်နေပါတယ်” ဟု ပြောကြားသည်။

ချောင်းသစ်ရွာမှ ဒေါ်လှနုအသက် (၂၅) နှစ်နှင့် ၎င်းကလေးငယ် မမြတ်အေးခင်သည် ယမန်နေ့ ညဉ့် ၁၀ နာရီခန့်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် မိမိတို့နေအိမ်တွင် မလုံခြုံသလို ခံစားရ၍ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသို့ လာရောက်ခိုလုံနေစဉ် မိခင်ဘဲဘက်နို့အုံနှင့် သမီးဖြစ်သူ ၎င်းကလေး၏ ဝဲဘက်ရင်အုံပေါ်သို့ ကျည်ဆံရှပ် ထိမှန်ခဲ့သည်ဟု သိရသည်။

ဧပြီ ၉ ရက် ညဉ့် ၁၀ နာရီကျော်ခန့်ကပင် ဒဏ်ရာ ရရှိသော်လည်း ကားထွက်ခွင့်မရသောကြောင့် မိုးလင်းမှ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း (မြောက်ဦး) လူနာတင် ကားဖြင့် အရေးပေါ် မြောက်ဦးဆေးရုံသို့ ယူဆောင်ခဲ့ရသည်ဟု သိရသည်။

“ မြောက်ဦးဆေးရုံရောက်တုန်းကတော့ စိုးရိမ်စရာ မရှိဘူးလို့ ထင်ခဲ့ပါတယ်။ ဆေးစစ်ပြီးတဲ့နောက် ဆရာဝန်ကြီးပြောတာက အဆုတ်က သွေးစိမ့်နေတယ်လို့ ပြောပါတယ်။ အခုကတော့ စိုးရိမ်စရာတော့ ဖြစ်သွားပါပြီ။ စစ်တွေကို ယူဆောင်နေပါတယ်။ မိခင်ရော သမီးကို ပါ။ မိခင်ကတော့ စိုးရိမ်စရာ သိပ်မရှိဘူးလို့ သိရပါတယ်” ဟု ပြောဆိုသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...