မြောက်ဦး ချောင်းသစ်မှ ကျည်ရှပ်ထိမှန်ခဲ့သည့်ကလေးငယ် စစ်တွေဆေးရုံသို့ ယူဆောင်သွားရ

မြောက်ဦး ချောင်းသစ်မှ ကျည်ရှပ်ထိမှန်ခဲ့သည့်ကလေးငယ် စစ်တွေဆေးရုံသို့ ယူဆောင်သွားရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာမှ ကျည်ရှပ်ထိမှန်ခဲ့သည့် အသက် ၁ နှစ် ၉ လအရွယ်ရှိ မမြတ်အေးခင်ကို အခုအခါ မြောက်ဦးဆေးရုံမှ စစ်တွေဆေးရုံသို့ ယူဆောင်သွားရသည်ဟု သတင်းရရှိသည်။

ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း (မြောက်ဦး) တာဝန်ရှိသူ တစ်ဦးက “ အခု ကလေးရဲ့ အဆုတ်ကနေ သွေးစိမ့်နေတယ်လို့ ပြောတဲ့ အတွက် အခုဘဲ စစ်တွေဆေးရုံကို ယူဆောင်သွားရပါတယ်။ ၂၄ နာရီ ကျော်သွားရင် စိတ်မချရလို့ သိရတဲ့ အတွက် စစ်တွေဆေးရုံကို ကားနဲ့ အခု ယူဆောင်နေပါတယ်” ဟု ပြောကြားသည်။

ချောင်းသစ်ရွာမှ ဒေါ်လှနုအသက် (၂၅) နှစ်နှင့် ၎င်းကလေးငယ် မမြတ်အေးခင်သည် ယမန်နေ့ ညဉ့် ၁၀ နာရီခန့်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် မိမိတို့နေအိမ်တွင် မလုံခြုံသလို ခံစားရ၍ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသို့ လာရောက်ခိုလုံနေစဉ် မိခင်ဘဲဘက်နို့အုံနှင့် သမီးဖြစ်သူ ၎င်းကလေး၏ ဝဲဘက်ရင်အုံပေါ်သို့ ကျည်ဆံရှပ် ထိမှန်ခဲ့သည်ဟု သိရသည်။

ဧပြီ ၉ ရက် ညဉ့် ၁၀ နာရီကျော်ခန့်ကပင် ဒဏ်ရာ ရရှိသော်လည်း ကားထွက်ခွင့်မရသောကြောင့် မိုးလင်းမှ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း (မြောက်ဦး) လူနာတင် ကားဖြင့် အရေးပေါ် မြောက်ဦးဆေးရုံသို့ ယူဆောင်ခဲ့ရသည်ဟု သိရသည်။

“ မြောက်ဦးဆေးရုံရောက်တုန်းကတော့ စိုးရိမ်စရာ မရှိဘူးလို့ ထင်ခဲ့ပါတယ်။ ဆေးစစ်ပြီးတဲ့နောက် ဆရာဝန်ကြီးပြောတာက အဆုတ်က သွေးစိမ့်နေတယ်လို့ ပြောပါတယ်။ အခုကတော့ စိုးရိမ်စရာတော့ ဖြစ်သွားပါပြီ။ စစ်တွေကို ယူဆောင်နေပါတယ်။ မိခင်ရော သမီးကို ပါ။ မိခင်ကတော့ စိုးရိမ်စရာ သိပ်မရှိဘူးလို့ သိရပါတယ်” ဟု ပြောဆိုသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...