နှစ်ပေါင်း ၃၀ နီးပါး တပ်မှသိမ်းသွားသောလယ်ယာမြေများအား လူထု ၂၀၀ ကျော်လမ်းလျှောက်ဆန္ဒဖော်ထုတ်ပြန်တောင်း

နှစ်ပေါင်း ၃၀ နီးပါး တပ်မှသိမ်းသွားသောလယ်ယာမြေများအား လူထု ၂၀၀ ကျော်လမ်းလျှောက်ဆန္ဒဖော်ထုတ်ပြန်တောင်း
Photo by SHAN- လားရှိုးမြို့တွင် သိမ်းဆည်းခံထားရသောလယ်ယာမြေများအား လူထုထံပြန်လည်အပ်နှံပေးဖို့ တောင်သူလယ်သမားရာနှင့်ချီ လမ်းလျှောက်ဆန္ဒဖော် ထုတ်
Photo by SHAN- လားရှိုးမြို့တွင် သိမ်းဆည်းခံထားရသောလယ်ယာမြေများအား လူထုထံပြန်လည်အပ်နှံပေးဖို့ တောင်သူလယ်သမားရာနှင့်ချီ လမ်းလျှောက်ဆန္ဒဖော် ထုတ်

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် သိမ်းဆည်းခံထားရသောလယ်ယာမြေများအား လူထုထံပြန်လည်အပ်နှံပေးဖို့ တောင်သူလယ်သမားရာနှင့်ချီ လမ်းလျှောက်ဆန္ဒဖော် ထုတ်ခဲ့ကြကြောင်းသိရသည်။

ဧပြီလ ၅ ရက် ယနေ့နံနက် ၉ နာရီမှ မွန်းတည့်ချိန်အထိ လားရှိုးမြို့ ခေးနင်း ဘူတာမှ မြို့တော်ခန်းမအထိ လူထု ၂၀၀ ကျော်သည် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး လားရှိုးမြို့ တပ်ရင်း ၃ ရင်းမှ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က သိမ်းဆည်းခဲ့သော လယ်ယာမြေများအား စီမံကိန်းသက်တမ်းအရ ပြုလုပ်ဆောင်ရွက်ခြင်းမရှိသော မြေပိုမြေလျှံများကိုနည်းဥပဒေအရ ပြန်လည်စွန့်လွတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

လမ်းလျှောက် ဆန္ဒပြရာတွင် ပါ၀င်သည့် စိုင်းခမ်းကော်က – “သူတို့သိမ်းသွားတုန်းကတော့ အများကြီးပေါ့။ဧက ရာနဲ့ချီတယ်။ တချို့တော်တော်များများက သူတို့တပ်ဆောက်လိုက်တော့ ပြန်မရနိုင်တော့ဘူးလေ။ ကျန်တဲ့မြေ တွေ ထဲက သူတို့မသုံးဖြစ်တဲ့မြေတွေကိုကျနော်တို့ကပြန်တောင်းတာပါ။ ပြန်လည်စိုက်ပျိုး စားသောက်ဖို့ အတွက်ပါ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။



Photo by SHAN- လားရှိုးမြို့တွင် သိမ်းဆည်းခံထားရသောလယ်ယာမြေများအား လူထုထံပြန်လည်အပ်နှံပေးဖို့ တောင်သူလယ်သမားရာနှင့်ချီ လမ်းလျှောက်ဆန္ဒဖော် ထုတ်

လက်ရှိတွင်အသိမ်းခံရလယ်ယာမြေများအနက် တပ်ရင်းမှ မသုံးဘဲ ပိုနေသောမြေလွတ်များ ဧက ၁၀၀ ခန့်ရှိ နေကြောင်း၄င်းအနက် ရောင်းချရန် အကွက်ချထားသောမြေ ဧက ၅၀ ခန့်ရှိကြောင်း ထို့အတွက် ရွာသားများက ပြန်လည်တောင်းဆိုရခြင်းဖြစ်ကြောင်း ဆန္ဒပြ ခေးနင်းနှင့် ခေးခမ်းရွာသားများကပြောသည်။

လားရှိုးသျှမ်းလူငယ်များအဖွဲ့ခေါင်းဆောင် စိုင်းဟန်က – “ဒီအသိမ်းခံရလယ်ယာမြေတွေက ရွာသားတွေအကြိမ်ကြိမ်တောင်းဆိုပြီးပြီ။ ရုံးမှားသွားတောင်းတယ်၊ လွှတ်တော်ကနေလည်းတောင်းတယ် မရဘူး။ မြေတွေကိုတော့ အကွက်ချပြီး ရောင်းနေတာ။ အကွက်မချရသေးတဲ့နေရာမှာ ရွာသားတွေ သွားရှင်းပြီးတော့ သီးနှံစိုက်စားမယ်လို့ခွင့်တောင်းတာလည်းမပေးဘူး။ ဒါကြောင့်ရွာသားတွေ အခုလို ငြိမ်းချမ်းစွာ စုဝေးစီတန်းပြီးဆန္ဒထုတ်ဖော်တောင်းဆိုတာဖြစ်တယ်လို့ သိရပါတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ ခေးနင်းရွာနှင့်ခေးခမ်းရွာသားများ၏ လယ်ယာမြေများအား လွန်ခဲ့သည့် ၁၉၉၀ သိမ်းဆည်းထားခြင်းဖြစ်ကြောင်းသိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...