ဒေါက်တာအေးမောင်နှင့်ကိုဝေဟင်အောင်တို့ အင်းစိန်ထောင်သို့ရောက်၊ မိသားစုများနှင့် တနင်္လာနေ့တွေ့ခွင့်ရမည်

ဒေါက်တာအေးမောင်နှင့်ကိုဝေဟင်အောင်တို့ အင်းစိန်ထောင်သို့ရောက်၊ မိသားစုများနှင့် တနင်္လာနေ့တွေ့ခွင့်ရမည်

စစ်တွေထောင်မှ ပြောင်းရွှေ့လာသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့သည် ယခုအခါ ရန်ကုန်မြို့ အင်းစိန်ထောင်သို့ ရောက်ရှိနေပြီး မနက်ဖြန် မိသားစုများနှင့် တွေ့ခွင့်ရမည်ဟု သတင်းရရှိသည်။

ဒေါက်တာအေးမောင်၏ သားဖြစ်သူ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက “ အခု အဖေတို့ အင်းစိန်ထောင်ကို ရောက်နေပါပြီ။ ဒီကနေ့ တနင်္ဂနွေနေ့ဆိုတော့ မနက်ဖြန် တနင်္လာနေ့မှာတော့ တွေ့ခွင့်ရမယ်လို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

သို့သော် ဒေါက်တာအေးမောင်၏ ဇနီးဖြစ်သူမှာ ကျန်းမာရေး မကောင်းသဖြင့် လာရောက်တွေ့ဆုံနိုင်မည်မဟုတ်ဟု သူက ပြောကြားသည်။

“ အမေက ဆေးရုံဆင်းပြီး ရန်ကုန်ကနေ စစ်တွေကို ဒီလ ၄ ရက်နေ့မှ ပြန်ရောက်ပါတယ်။ ဒါကြောင့် ရန်ကုန်ကိုလာတွေ့ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါ။ ကျွန်တော်ဘဲ သွားတွေ့မှာ ဖြစ်ပါတယ်” ဟု ဦးတင်မောင်ဝင်းက ပြောဆိုသည်။

ရသေ့တောင်တွင် စာပေဟောပြောမှုကြောင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် မတ်လ ၁၉ ရက်နေ့က ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံထားရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက စစ်တွေထောင်မှ ရန်ကုန်မြို့ အင်းစိန်ထောင်သို့ လေယာဉ်ဖြင့် ယူဆောင်လာခဲ့သည်။

သူတို့ နှစ်ဦးအား အင်းစိန်ထောင်တွင် ထားမည်လား (သို့မဟုတ်) တစ်ခြားထောင်တစ်ခုခုသို့ ဆက်လက် ပြောင်းရွှေ့မလားဆိုသည်ကို မသိရှိရသေးကြောင်း ၎င်းက ပြောကြားသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...