သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN၏ ကံစမ်းမဲ ၅၀ ခန့် အားလုံးဆုမဲပေါက်

သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN၏ ကံစမ်းမဲ ၅၀ ခန့် အားလုံးဆုမဲပေါက်

သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN တည်ထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနားတွင်ဖွင့်လှစ်သော ကံစမ်းမဲများအားလုံး ကံထူးရှင်များက လက်ခံရရှိသွားသည်ဟုသိရသည်။

SWAN ၏ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အခမ်းအနားအား သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် မတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး ကံစမ်းမဲများကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ SWAN မှပေးသော ပေါက်ဆူး ၄၉ ခုစလုံး ကံထူးရှင်များကရရှိသွားကြောင်း ကံစမ်းမဲလက်မှတ်များစီစဉ်ခဲ့သည့်တာဝန်ရှိပုဂ္ဂိုလ်နန်းခမ်းယတ်က သျှမ်းသံတော်ဆင့်အားပြောသည်

“ဆုတွေအကုန်ပေါက်သွားကြတယ်။ ကျမတို့ကံစမ်းမဲစာရွက်ရောင်းလို့ရတဲ့ပိုက်ဆံတွေကို ကျမတို့တောင်ကြီးမှာဆောက်ထားတဲ့ ရုံးမှာ သင်တန်းသားတွေအတွက် ချက်စားဖို့မီးဖိုချောင် လုပ်မယ်။ ပိုရင် ရုံးဝန်ထမ်းတွေအတွက်နေရာမလုံလောက်သေးတာကိုဆက်လုပ်သွားဖို့စီစဉ်ထားပါတယ် “ – ဟု နန်းခမ်းယတ် က ပြောသည်။

ကံစမ်းမဲ ၄၉ ခုမှာ ပထမဆု Toyota Wish ကားတစီးအား သီပေါမြို့နယ်မှ မအေးမီးကဆုမဲပေါက်ပြီး ဒုတိယဆုဖြစ်သော Hi Jet ကားကိုမူ တောင်ကြီးမြို့မှ မခိုင်ဖူး က ပေါက်ကြောင်း၊ တတိယဆုနှင့် စတုတ္ထဆုဖြစ်သော လယ်ထွန်စက်ကိုလည်း နမ့်ခမ်းနှင့် စယ်လန့်မှ ကံထူးရှင်များကလက်ခံရရှိကြောင်းသိရသည်။

နန်းခမ်းယတ်က – “ကျမတို့  SWAN ကံစမ်းမဲကို အားပေးကြတဲ့ ပြည်တွင်းပြည်ပမှ ပရိသတ်များကိုကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကံစမ်းမဲမပေါက်တဲ့သူတွေအားလုံး ကျမတို့ SWAN ရုံးတည်ဆောက်ဖို့ ကူညီထောက်ပံ့တာဘဲဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်ရှင့် “- ဟု ပြောသည်။

ကျန်ရှိသော ဆုမဲပေါင်း ၄၀ ကျော်မှာ မော်တော်ဆိုင်ကယ်၊ ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ တီဝီ၊ မြက်ရိတ်စက်၊ ဆိုလာပြား စသည်တို့ဖြစ်ကြောင်းသိရပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...