မြောက်ဦးမြို့နယ် ကားလမ်းဝဲယာတစ်လျှောက်ကျေးရွာများမှ ရွာသား ၄၀၀ ကျော် ဝက်လှရွာတွင် ခိုလုံ

မြောက်ဦးမြို့နယ် ကားလမ်းဝဲယာတစ်လျှောက်ကျေးရွာများမှ ရွာသား ၄၀၀ ကျော် ဝက်လှရွာတွင် ခိုလုံ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာတွင် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိပြီးနောက် အနီးအနားရှိ ကျေးရွာသားများသည် ကြောက်လန့်စိုးရိမ်ကာ ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာ၍ ပိုမို လုံခြုံရာကျေးရွာများတွင် ထွက်ပြေး ခိုလုံနေကြသည်။

ထိုသို့ ထွက်ပြေးခိုလုံနေကြရာတွင် မြောက်ဦးမြို့နယ် သရီချောင်းရှိ ဝက်လှ ကျေးရွာတွင် လူပေါင်း ၄၃၉ ဦး ရောက်ရှိနေသည်ဟု ဝက်လှကျေးရွာမှ ပရဟိတ ဆောင်ရွက်နေသူ ဦးအေးကျော်က နိရဉ္စရာ သတင်းဌာနသို့ ဆက်သွယ်ပြောကြားသည်။

“ စုစုပေါင်း အိမ်ထောင်စုက ၁၃၅ စု၊ ကျား ၈၆ ဦးနဲ့ မ ၃၅၃ ဦး၊ စုစုပေါင်း ၄၃၉ ဖြစ်ပါတယ်။ အများစုကတော့ ကလေးတွေနဲ့ မိန်းမတွေ ဖြစ်ကြပါတယ်။ သူတို့ကတော့ မြောက်ဦးမြို့နဲ့ ကျောက်တော် မဟာမုနိဘုရားအကြား ကားလမ်း ဘေးဝဲယာတစ်လျှောက်မှာတည်ရှိတဲ့ ကျေးရွာတွေက ဖြစ်ကြပါတယ်” ဟု ပြောကြားသည်။

ထွက်ပြေးလာကြသူများမှာ ရန်ကုန်-စစ်တွေကားလမ်း ဝဲယာ တစ်ဘက်တစ်ချက်ရှိ ကျေးရွာများ ဖြစ်ကြသည့် တိမ်ညို၊ လက္ကာ၊ ဗူးရွက်မညိုး၊ ပေါက်တောပြင်နှင့် အောက်သကန်ကျေးရွာများမှ ဖြစ်ကြသည်။

“ လူတွေက အောက်သားကန်မှာဖြစ်ပြီးတဲ့နောက် တော်တော်ကို စိုးရိမ်ထိတ်လန့်သွားကြတယ်။ ကားလမ်းတစ်လျှောက်မှာလည်း တပ်မတော် စစ်ကြောင်းတွေ ရှိနေပါတယ်။ ဒါကြောင့် အိမ်မပြန်ရဲဘဲ ဖြစ်နေကြပါတယ်” ဟု ပြောကြားသည်။

မတ်လ ၂၉ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့် အရပ်သား ၂ ဦး သေဆုံးခဲ့ရသော အောက်သားကန်ရွာ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး တပ်မတော် စစ်ကြောင်း တစ်ခုမှ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ရွာကို တမင်ဝင်ပစ်ခတ်သည်ဟု ကျေးရွာသားများက ပြောကြားထားသော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးရုံးမှ ထုတ်ပြန်ချက်တွင် AA တပ်ဖွဲ့မှ ရွာအဝင်တွင် တပ်မတော် စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်သည့် အပြင် ရွာထဲရှိ အိမ်များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ပြန်လည် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကမူ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန် သိရှိနိုင်ရန် အစိုးရ အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများကို ရခိုင်ပြည်နယ်ထိ သွားရောက် ပြုလုပ်ရန် တိုက်တွန်း ပြောဆို ထားသည်။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...