မြောက်ပိုင်းတပ်များအား အစိုးရတပ် လေယာဉ်ဖြင့်တိုက်ခိုက်ပြီး စစ်ရေးဆက်လက်တင်းမာနေ

မြောက်ပိုင်းတပ်များအား အစိုးရတပ် လေယာဉ်ဖြင့်တိုက်ခိုက်ပြီး စစ်ရေးဆက်လက်တင်းမာနေ
Photo by Google Map- တိုက်ပွဲဖြစ်ပွါးသည့် နမ္မတူမြို့နယ် မန်စံအုပ်စုနေရာပြမြေပုံ
Photo by Google Map- တိုက်ပွဲဖြစ်ပွါးသည့် နမ္မတူမြို့နယ် မန်စံအုပ်စုနေရာပြမြေပုံ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တောင်ဘက် လွယ်ဟန်းရွာတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော်မှ လေယာဉ်ဖြင့် ဆက်တိုက် တိုက်ခိုက်ကြောင်းသိရသည်။

၂၀၁၉ မတ်လ ၂၆ -၂၈ ရက် နေ့အထိ အစိုးရတပ်မတော်မှ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ရဟတ်ယာဉ်ဖြင့်လည်း ဝေဟင်မှ အကြိမ်ကြိမ်ပစ်ကူကြောင်း၊ တိုက်ပွဲကြောင့် ဒေသခံများ နေရပ်မှ စွန့်ခွါကာ နီးစပ်ရာသို့ ထွက်ပြေးခိုလှုံနေရကြောင်း၊ ယနေ့ အတွင်း တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးသော်လည်း ဒေသအတွင်းရောက်ရှိနေသည့် အစိုးရတပ်၊ မြောက်ပိုင်းမဟာမိတ်တပ်၊ RCSS တပ်တို့ အင်အားအပြိုင်ဖြည့်ကာ စစ်ရေးတင်းမာနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ဒီနေ့က သေနတ်သံ မကြားရဘူး။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့တွေက တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေ မထွက်ကြသေးဘူး။ အစိုးရတပ်ကလည်း အင်အားထပ်ဖြည့် နေတယ်။ ဆိုတော့ တိုက်ပွဲ က အချိန်မရွေးထပ်ပြီးဖြစ်ပွားနိုင်တယ်” – ဟု မန်စံကျေးရွာအုပ်စု ဒေသခံ ရပ်မိရပ်ဖ တဦးကပြောသည်။

နမ္မတူ အခြေစိုက် အစိုးရတပ် ခြေမြန်တပ်ရင်း အမှတ် ခမရ ၃၂၄ က လက်နက်ကြီးဖြင့် မြောက်ပိုင်း မဟာမိတ်တပ်များအားအကြိမ်ကြိမ်ပစ်ခတ်သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

အဆိုပါ မိုင်းမုအုပ်စု ဆန်ခါရွာတွင် အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ မတ်လ ၂၆ ၊ ၂၇ နှင့် ၂၈ ရက်တို့တွင် ၃ ရက်ဆက်တိုက်ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းလည်းသိရသည်။

“ကျမတို့ရွာဘက်မှာ ၃ ဖွဲ့လှုပ်ရှားနေတော့ ဘယ်တဖွဲ့နဲ့ ဘယ်တဖွဲ့ပစ်ခတ်သလဲဆိုတာ ဘယ်သိနိုင်မလဲနော့ ။ လက်နက်တွေကိုင်ထားကြတော့လည်း တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်လေ။ ”- ဟု စစ်ဘေးရှောင် နန်းဇမ် က ပြောသည်။

မတ်လ ၂၇ ရက်နေ့ကလည်း အစိုးရတပ်နှင့် မြောက်ပိုင်း မဟာမိတ်တပ် တို့အကြားတိုက်ပွဲကြောင့် မိုင်းမု ကျေးရွာအုပ်စုအတွင်း နေအိမ် ၂ လုံး လက်နက်ကြီးကျည်သင့်ကာ မီးလောင်ပျက်စီးသွားခဲ့သည်။

ထိုနေ့မတိုင်မှီ မတ် ၂၂ ရက်မှ ၂၃ ရက်နေ့အထိ အဆိုပါဒေသအတွင်း လွယ်ဟန်းတောင်ကြော တွင် ယာယီအခြေနေထိုင်သည့် RCSS တပ်စခန်းအား မြောက်ပိုင်းမဟာမိတ်တပ်က အင်အားအလုံးအရင်း ဖြင့် တက်တိုက်ခဲ့သည်။ နှစ်ဘက်ဖြစ်ပွားသော တိုက်ပွဲကြောင့်လည်း အသက် ၆၀ အရွယ် ဒေသခံ အမျိုးသား တဦး သေနတ်ထိမှန်ကာ သေဆုံးသွားသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...