မြောက်ဦးမြို့နယ်မှကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀ ဦးကို နှုတ် ထွက်ခွင့်ပြု

မြောက်ဦးမြို့နယ်မှကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀ ဦးကို နှုတ် ထွက်ခွင့်ပြု

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀ ဦးကို ပထမ အသုတ်အနေဖြင့် နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု သတင်းရရှိသည်။

၎င်းအုပ်ချုပ်ရေးမှူး ၁၀ ဦးမှာ ဦးထွန်းကျော်မောင်/ ကဒ၀ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဦးအောင်တင်လှ/ ကင်းချောင်းအုပ်ချုပ်ရေးမှူး၊ ဦးမောင်မောင်အေး/ကုန်ဘောင်(ရခိုင်)၊ ဦးကျော်ချေ/ကျေးပင်လယ် အုပ်ချုပ်ရေးမှူး၊ ဦးကျော်ဝင်း/ဆင်အိုးအုပ်ချုပ်ရေးမှူး၊ ဦးဝင်းနိုင်/နကန်အုပ်ချုပ်ရေးမှူး၊ ဦးခင်မောင်ဆန်း/ သံရှင်ပြင်၊ ဦးမောင်အေးသိန်း/ ရှောက်ပုံကျွန်း၊ ဦးကျော်ဝင်းလှ/အရက်သေမအုပ်စုနှင့် ဦးမောင်ဝင်းထွန်း/ အလယ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ဖြစ်ကြသည်။

သံရှင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက “ နုတ်ထွက်လွှာတင်တဲ့ သူတွေကို မြို့နယ်ထွေအုပ်က ပြန်ခေါ် ပေမယ့် လုံခြုံရေး အခြေအနေကြောင့် ပြန်တာဝန်မထမ်းဆောင်နိုင်တော့ဘူးဆိုတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေထဲက ၁၀ ဦးထဲကို မနေ့က နုတ်ထွက်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရဲက ဖမ်းဆီးခံရပြီးနောက် လုံခြုံရေး အကြောင်းပြချက်ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၉၈ ယောက်သည် ၎င်းတို့၏ တာဝန် အသီးသီးမှ နုတ်ထွက်ကြောင်း လျှောက်လွှာတင်ခဲ့ကြသည်။

၎င်းနောက်ပိုင်း မတ်လ ၈ ရက်နေ့တွင် သက်ဆိုင်ရာမှ အုပ်ချုပ်ရေးမှူး ၄ ဦးကို ပြန်လည် လွတ်ပေးခဲ့သည်။ ၎င်းနောက်ပိုင်း အုပ်ချုပ်ရေးမှူး ၇၀ ခန့်က တာဝန်များကို ပြန်လည် ထမ်းဆောင်ခဲ့သော်လည်း ရပ်ကျေး အုပ်ချုပ်ရေးမှူး ၂၀ ကျော်မှ လုံခြုံမှု မရှိဟု ဆိုကာ တာဝန် ထမ်းဆောင်ရန် ငြင်းပယ်ခဲ့သည်။

ထိုငြင်းပယ်သည့် အထဲမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀ ဦးကို မတ်လ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က နုတ်ထွက်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဖုန်းဆက်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...