ဂုတ်တွင်းရှောင်လမ်း စီမံကိန်း အတွက် ၉၅ ရာခိုင်နှုန်း ကျော် အစိုးရမှလျော်ကြေးပေးပြီး ဟုဆို

ဂုတ်တွင်းရှောင်လမ်း စီမံကိန်း အတွက် ၉၅ ရာခိုင်နှုန်း ကျော် အစိုးရမှလျော်ကြေးပေးပြီး ဟုဆို
Photo credit to Picgra : နောင်ချိုနှင့်ကျောက်မဲကြား ဂုတ်တွင်းလမ်း
Photo credit to Picgra : နောင်ချိုနှင့်ကျောက်မဲကြား ဂုတ်တွင်းလမ်း

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင်တွင် မြို့ရှောင်လမ်း နှင့် အသစ်တည်ဆောက်မည့် ဂုတ်ထိပ် တံတား သစ်အတွက် နစ်နာဆုံးရှုံးခဲ့ရသည့် လယ်ယာမြေများအတွက် လျော်ကြေး ၉၅ ရာခိုင်နှုန်း ပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

“ မနေ့က အစည်းအဝေးလုပ်တယ်။ နောင်ချိုက ၉ ယောက် လက်မှတ်ထိုးတယ်။ ကျောက်မဲ က ၁၀ ယောက် လက်မှတ်ထိုးတယ်။ နစ်နာကြေး လက်ခံလိုက်တယ် ” ဟု နောင်ချို မြို့ သျှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ စိုင်းအောင်မိန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြို့ရှောင်လမ်း နှင့် ဂုတ်ထိပ် တံတားသစ် တည်ဆောက်မှု အတွက် လျော်ကြေးငွေပေး ဆောင်ရန် လိုအပ်သည့် နောင်ချို မှ ၁၆ ဦးအနက် ၉ ဦးက မတ်လ ၂၆ ရက်နေ့ကလက်မှတ်ရေးထိုးပြီး၊ ကျောက်မဲမြို့ လယ်ယာမြေ နစ်နာ သူ ၁၁ ဦးအနက် ၁၀ ဦး လက်မှတ်ရေးထိုးကာ လျော်ကြေးငွေ လက်ခံခဲ့ကြကြောင်း စိုင်းအောင်မိန်းက ပြောပြသည်။

“ လောလောဆယ်တော့ နောင်ချိုက ၄ယောက်၊ ကျောက်မဲက ၁ ယောက်ပဲကျန်တော့တယ်။ နစ်နာကြေးတွေ မဆုံးရှုံးအောင် ကျနော်တို့ကြားခံကူညီပေးကြပါတယ်” ဟု စိုင်းအောင်မိန်းက ဆိုသည်။

လယ်ယာမြေ တဧက ကို ကျပ်သိန်း ၁၅၀ အစိုးရက လျော်ကြေးပေးဆောင်ပြီး လယ်ယာမြေ တွင် စိုက်ပျိုး ထားသည့် နှစ်ရှည် သီးနှံပင် လျော်ကြေးငွေ အတွက် ၃ဆ လျော်ပေးကြောင်း၊ တချို့ မြို့ နှင့် နီးစပ်သည့် မြေကိုလည်း စျေးပိုပေးကြောင်းလည်း စိုင်းအောင်မိန်းက ဆိုသည်။

ကျောက်မဲခရိုင် အတွင်း လမ်းသစ်ဖောက်ရန် အတွက် OHC (Oriental Highway Company) ကုမ္ပဏီ မှ တာဝန်ယူထားကြောင်းသိရသည်။

ဂုတ်တွင်း ရှောင်လမ်းဖောက်ရန် အတွက် ကျောက်မဲမြို့ နယ် ဒေသခံ များ၏ လယ်ယာမြေ ၁၆၉ ဧက၊ နောင်ချို မြို့ခံ များလယ်ယာမြေ ၃၂၉ ဧက၊ စုပေါင်း ၄၉၉ ဧကကို ပါ အသုံးပြုခဲ့ရကြောင်း ထို့အနက် ၃၆ ဧက မှာ အစိုးရ၏ လယ်ယာမြေ ပါဝင်နေကြောင်းသိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...