ဧရာဝတီတိုင်းအတွင်း မူလကရင်စာပေ “လေကွယ်ကော်” သင်ကြားခြင်းကို တိုင်းစာ/ယဉ် အသိအမှတ်မပြု

ဧရာဝတီတိုင်းအတွင်း မူလကရင်စာပေ “လေကွယ်ကော်” သင်ကြားခြင်းကို တိုင်းစာ/ယဉ် အသိအမှတ်မပြု

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြိုင်ကြီးငူဆရာတော်မှ ပြန်လည်ဖော်ထုတ်လိုက်သည့် မူလကရင်စာပေ “ လေကွယ်ကော်” စာပေ လာရောက်သင်ကြားမှုများကို တိုင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီအနေဖြင့် အသိအ မှတ်မပြုကြောင်း ဧရာဝတီတိုင်းဒေသကြီး ကရင်စာ/ယဉ် ဥက္ကဌ မန်းအိုင်ခလိန်က ပြောသည်။

အဆိုပါ မူလကရင် စာပေ “လေကွယ်ကော် ” ကို ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် မြောင်းမြမြို့နယ်နှင့် ပန်းတနော် မြို့နယ်များတွင် စတင်၍ သင်ကြားခဲ့ပြီး ယခုနှစ်တွင် (၄)နှစ်မြောက် လာ ရောက်သင်ကြားခြင်းလည်း ဖြစ်သည်။

ဧရာဝတီတိုင်း ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ မန်းအိုင်ခလိန်က “ လေကွယ်ကော် စာကို အဓိက စာအနေနဲ့ လက်မခံဘူး။ ကျနော်တို့အနေနဲ့ကတော့ အနောက်ပိုးကရင်စာနဲ့ စကောကရင်စာကိုပဲ အတည်ပြုပြီး သုံးသွားမယ်။ အဲ့ဒီစာကိုတော့ ဝါသနာပါလို့ စိတ်ဝင်စားလို့ သုတေသနလုပ်ချင်တဲ့သူတွေ လေ့လာချင်တဲ့သူ တွေက လေ့လာကြပေါ့။ ကိုယ့်စာပေကိုလည်း အထိအခိုက် မဖြစ်ဘူးလို့ ယူဆတယ် ” ဟု ကေအိုင်စီသို့ ပြော သည်။

အဆိုပါ မူလကရင်စာပေ “လေကွယ်ကော် ” ကို ပန်းတနော်၊ မြောင်းမြ၊ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မ မြို့နယ်များတွင် လာရောက်သင်ကြားခြင်းများနှင့် ပတ်သက်ပြီး ကရင်လူမှုအသိုင်းအဝိုင်းများကြားတွင် ဝေဖန်မှုများ မြင့်တက်နေပြီး မြို့နယ်စာ/ယဉ်များနှင့် တိုင်းစာ/ယဉ်များအနေဖြင့်လည်း လက်မခံကြောင်း ကရင်စာပေအရေးလှုပ်ရှားသူများက ပြောသည်။

“လေကွယ်ကော် ” မူလ ကရင်စာပေကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ ဒေသ တစ်ချို့တွင် နွေရာသီ သင်တန်းများ ဖွင့်လှစ်သင်ကြားနေပြီး သူငယ်တန်းမှ ၁၁တန်းထိရှိကြောင်းလည်း သိရ သည်။

ပန်းတနော်မြို့နယ် ကရင်စာယဉ်ကော်မတီ ဒုဥက္ကဌ မန်းဝင်းမောင်က “ဒို့လက်ရှိ ရှိနေတဲ့စာတောင်မှ မတိမ် ကော မပပျောက်အောင် မနည်းထိန်းသိမ်းနေရတယ်။ နောက်ပြီး ဒီလိုစာပေအမျိုးမျိုးဖြစ်လာတာတွေက ကရင် တွေမှာ ဘာသာရေးအရသော်လည်းကောင်း၊ စာပေအရသော်လည်းကောင်း၊ အချင်းချင်းကြားမှာ သော်လည်း ကောင်း အခြေအနေတွေ ရှုပ်ထွေးလာနိုင်တယ်။ အဲဒီအတွက် ဒို့ဒီဟာကို လက်မခံနိုင်တာဖြစ်တယ်” ဟု သုံးသပ်ပြောဆိုသည်။

လေကွယ်ကော်စာပေ ခေါ်သည့် မူလကရင်စာပေကို ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အတော်များများတွင် မြိုင်ကြီးငူဆရာတော် သက်ရှိထင်ရှားရှိစဉ်ကတည်းက သင်ကြားမှုများရှိခဲ့ပြီး လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူးဒေသတွင် အများဆုံး သင်ကြားသုံးစွဲမှုရှိသော်လည်း ကျန်မြို့နယ်များတွင် အသုံးပြုမှုနည်း ပါးနေသေး သည့် စာပေတစ်ခုလည်းဖြစ်သည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...