၂၀၁၉ အတွက် မူစယ်မြို့နယ် ကျားခေါင်းပါတီဥက္ကဌရွေးချယ်

၂၀၁၉ အတွက် မူစယ်မြို့နယ် ကျားခေါင်းပါတီဥက္ကဌရွေးချယ်
Photo by SNLD Youth Muse/ ၂၀၁၉ အတွက် မူစယ်မြို့နယ် ကျားခေါင်းပါတီဥက္ကဌရွေးချယ်
Photo by SNLD Youth Muse/ ၂၀၁၉ အတွက် မူစယ်မြို့နယ် ကျားခေါင်းပါတီဥက္ကဌရွေးချယ်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်တွင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၂၀၁၉ ခုနှစ်အတွက် မြို့နယ်ဥက္ကဌသစ်ရွေးချယ်တင်မြှောက်ရာ ယမန်နှစ်က တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်ဥက္ကဌဟောင်း စိုင်းလှဖေ(ခေါ်)လုံးဆေယွမ်အား ထပ်မံရွေးချယ်တင်မြှောက်က တာဝန်ပေးအပ်လိုက်ကြောင်းသိရသည်။

မတ်လ ၂၄ ရက်နေ့မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ မူစယ်မြို့နယ် SNLD ပါတီဝင်များက တော်ယွက်ရပ်ကွက် တတ်နိုင်းဖောင်ခန်းမတွင် မြို့နယ်ဥက္ကဌအသစ်ရွေးချယ်ခြင်းဖြစ်ကြောင်းပါတီဝင်လူငယ် စိုင်းမြတ် က သျှမ်းသံတော်ဆင့်အားပြောသည်။

“တနှစ်တကြိမ် ပြုလုပ်တဲ့ မြို့နယ်ဥက္ကဌ ရွေးကောက်ပွဲပေါ့ ။ လုံးဆေယွမ်က ပါတီဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြောပြသွားတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဖိုးမြတ်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းတို့က လွှတ်တာ်တွင်းအတွေ့အကြုံကိုရှင်းလင်းတယ်။ မူစယ်လူထုကိုလည်း လွှတ်တော်ကိုလာရောက်လေ့လာဖို့ ဖိတ်ခေါ်တယ်။ လူထုနဲ့ ဘယ်လိုလက်တွဲပြီး အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားမယ်စတာတွေကို ပြောကြားသွားပါတယ် ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၂၀၁၉ အတွက် မူစယ်မြို့နယ် SNLD ပါတီ ဥက္ကဌအဖြစ် စိုင်းလှဖေ၊ ဒုဥက္ကဌအဖြစ် စိုင်းလောဝ်ဆိုင်၊ အတွင်းရေးမှူး စိုင်းမြင့်သိန်း နှင့် လက်ထောက်အတွင်းရေးမှူး နန်းသိန်းကြည်တို့ကိုရွေးချယ်တင်မြှောက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ မြို့နယ်ဥက္ကဌနှင့် အလုပ်အမှုဆောင်များအဖွဲ့ရွေးကောက်ပွဲသို့ ကျားခေါင်းပါတီဝင် ၁၇၀ ကျော်တက်ရောက်ခဲ့ကြောင်းသိရပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...