ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံကို တရားရုံးချုပ်က မတ် ၂၆ ရက်မှာ ကြားနာမည်

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံကို တရားရုံးချုပ်က မတ် ၂၆ ရက်မှာ ကြားနာမည်

ထောင်ကျနေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ရဲ့ အယူခံကို တရားရုံးချုပ်က မတ် ၂၆ ရက်မှာ ကြားနာမှာဖြစ်ကြောင်း သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ)ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးဟာ နိုင်ငံတော်လုံခြုံရေးအတွက် အထိအခိုက်မခံတဲ့ လျှို့ဝှက်သတင်းအချက်အလက်များ ရယူမှုနဲ့ ဖြန့်ဝေမှု စွပ်စွဲချက်နဲ့ ကိုလိုနီခေတ် ဥပေဒတစ်ရပ်ဖြစ်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရတာပါ။

“ရိုက်တာသတင်းထောက်တွေကို ထောင်ချတဲ့ အမှားအယွင်းကို မြန်မာနိုင်ငံအနေနဲ့ ပြင်ဆင်နိုင်ခွင့် ရှိနေဆဲဖြစ်တယ်။”လို့ CPJ မှ အရှေ့တောင်အာရှကိုယ်စားလှယ် ရှောင်ခရစ်ပင်းက ပြောပါတယ်။

“သူတို့နှစ်ဦးရဲ့ ပြစ်ဒဏ်ကို ပြင်ဆင်ပြီး လွတ်ငြိမ်းခွင့်ပေးခြင်းနဲ့ တရားရုံးချုပ်အနေနဲ့ မှန်ကန်စွာ ဆုံးဖြတ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဟိုက်ကုတ်ရုံးဟာ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံကို ပယ်ချပြီး ပြစ်ဒဏ်ကို ချမှတ်ခဲ့ကာ တရားရုံးချုပ်သို့ အယူခံတင်သွင်းခွင့်ကို အမိန့်ချမှတ်ခဲ့တာပါ။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...