ရခိုင်အရေးနှင့်ပတ်သက်သည့် အစီရင်ခံစာများကို ထပ်မံစိစစ်ရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို တပ်မတော် ဖွဲ့စည်း

ရခိုင်အရေးနှင့်ပတ်သက်သည့် အစီရင်ခံစာများကို ထပ်မံစိစစ်ရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို တပ်မတော် ဖွဲ့စည်း

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ၂၀၁၇ ခုနှစ် သြဂုတ်လ က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များ နောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် တပ်မတော်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အစီရင်ခံစာ အသီးသီးက ရေးသားဖော်ပြချက်များကို ထပ်မံစိစစ်အတည်ပြုရန် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မတ်လ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်မှ ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာများ ၊ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ Fact Finding Mission တို့မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာများအပေါ် ထပ်မံစိစစ်အတည်ပြုရန် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။

“အစီရင်ခံစာအသီးသီး၏ ရေးသား ဖော်ပြချက်များကို ထပ်မံစိစစ် အတည်ပြုရန် လိုအပ်ပါသည်” ဟု တပ်မတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တပ်မတော်မှ ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့တွင် ဗိုလ်ချုပ်မြတ်ကျော်က ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဗိုလ်မှူးကြီး ကျော်ကျော်နိုင် နှင့် ဗိုလ်မှူးကြီး သန်းနိုင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်မည်လည်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တပ်မတော်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ပြီးနောက် နယ်မြေလုံခြုံရေးအတွက် စီမံအုပ်ချုပ်ဆောင်ရွက်မှုများနှင့် လုံခြုံရေးသတင်းများအား ကြိုတင်လက်ဦးဖော်ထုတ်ရယူနိုင်မှု အားနည်းချက်များကို တွေ့ရှိရသောကြောင့် တာဝန်ရှိသူများကို လိုအပ်သလို အရေးယူဆောင်ရွက်ခဲ့သည်ဟုလည်း တပ်မတော်ဘက်က ထုတ်ပြန် ထားသည်။

၂၀၁၇ တိုက်ခိုက်မှုများအပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘင်္ဂါလီများ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲမှုများလည်း ရှိနေခဲ့သည်။ ယင်းစွပ်စွဲချက် များနှင့် ပတ်သက်ပြီး ခိုင်လုံသည့် သက်သေအထောက်အထားများနှင့် တိုင်ကြားနိုင်သည်ဟု အစိုးရနှင့် တပ်မတော် ဘက်မှ အစဉ်တစိုက်ပြောဆိုထားသည်။

ယင်းသို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကြောင့် ဘင်္ဂါလီအမြောက်အများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိအချိန်အထိ နေထိုင်နေဆဲ ဖြစ်သည်။

အဆိုပါဒုက္ခသည်များ နေရပ်ပြန်လာရေးနှင့်ပတ်သက်ပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘော တူညီမှု ရရှိခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးပေ။

အစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော် မရှင်ကို နိုင်ငံတကာမှပညာရှင်နှစ်ဦး ပြည်တွင်း ပညာရှင် နှစ်ဦးဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း၌ ဖွဲ့စည်း ပေးခဲ့သည်။ ယင်း ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို မြန်မာအစိုးရထံ ယခုလပိုင်းအတွင်း တင်သွင်း သွားရန်ရှိနေပြီး အပြီးသတ်အစီရင်ခံစာကိုမှု ယခုနှစ်ကုန်ပိုင်းတွင် တင်သွင်းသွားရမည်လည်းဖြစ်သည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...