ထိုင်းနိုင်ငံ သို့ ခိုးဝင်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ဒေသခံ ၃၀ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ သို့ ခိုးဝင်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ဒေသခံ ၃၀ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ သို့ တရားမဝင် ခိုးဝင်သည့် သျှမ်း/မြောက်မှ ဒေသခံ ၃၀ ဦး ကို ချင်းရိုင်းခရိုင်ရဲများက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

မတ် ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝိန်းဖန်းခမ်းမြို့ ရှိ အိမ်တအိမ်တွင် ထိုင်းရဲတပ်ဖွဲ့များ က ဝင်ရောက်စစ်ဆေးရာ သျှမ်းပြည်မြောက်ပိုင်းမှလာသော စာရွက်စာတမ်းမဲ့ ဒေသခံ အမျိုးသား ၁၇ ယောက် နှင့် အမျိုးသမီး ၁၃ ယောက်တို့ကို တွေ့ရှိခဲ့သည်ဟုဆိုပါသည်။

အဆိုပါ သျှမ်းမြောက်ဒေသခံများအား ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာပေးမည်ဟုဆိုကာ ပွဲစားများမှ ခေါ်ယူ သဖြင့် ရောက်ရှိလာကြခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် အမျိုးသားတဦးက ပြောသည်။

“ ကျနော်တို့ ပွဲစားနဲ့လာတာပါ။ ချင်းမိုင်၊ ဘန်ကောက်ကို သွားဖို့ ကားစောင့်နေတာပါ။ ချင်းမိုင်ကို သွားရင် ကားခ ဘတ် ၄၅၀၀( မြန်မာငွေ ကာလပေါက်စျေး ၂သိန်းကျော်)၊ ဘန်ကောက်ကိုသွားရင် ကားခ ဘတ် ၁၇၀၀၀ (မြန်မာငွေ ကာလပေါက်စျေး ရသိန်း၉ သောင်းကျော်) ပေးရမယ်” ဟု ဖမ်းဆီးခံရသည့် အမျိုးသားတဦးက ပြောပြသည်။

အဆိုပါ ဖမ်းဆီးခံရ သူများသည် သျှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှု၊ လက်နက်ကိုင်များ မကြာခဏ ဆက်ကြေးကောက်ယူမှု၊ တိုက်ပွဲကြောင့် တောင်ယာမလုပ်နိုင်ကြသဖြင့် လာမည့်နှစ် မိသားစုဝမ်းရေးအတွက် ထိုင်းနိုင်ငံသို့ ခိုးဝင်လာကြ ခြင်းဖြစ်ကြောင်းသိရသည်။

“ အခု ကျနော်တို့ သျှမ်းပြည်မှာ ဒုက္ခတော်တော်ရောက်နေတယ်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ် နေ့တိုင်း လည်း တဖွဲ့ပြီး တဖွဲ့ ပိုက်ဆံလာကောက်တယ်။ ကျနော်တို့ဘယ်ကနေ ရှာပေးရမှာလဲ။ အလုပ်ကကောင်းကောင်းမလုပ်ရတာ ” ဟု၎င်း က ထပ်လောင်းပြောသည်။

“ ခေါင်းဆောင်တွေ အားလုံးကို ပြောချင်တာကတော့ ကျနော်တို့ကို မေတ္တာ ဂရုဏာသက်ပြီး စစ်တွေ ရပ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု အဖမ်းခံရသူအနက် တဦးက တောင်းဆိုလိုက်သည်။

သျှမ်းပြည်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာပြီး ဒေသခံ ၂ ထောင်ကျော်အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ အလုပ်အကိုင်ရှားပါးမှုကြောင့် ဒေသခံများမှာ တရုတ်ပြည်သို့ လည်းကောင်း၊ ထိုင်းနိုင်ငံသို့ ခိုးဝင်ကာအလုပ်လုပ် ငွေရှာကြကြောင်း သိရသည်။

ထိုင်းနိုင်ငံမယ်ဆိုင်မြို့နယ်တွင် ဖမ်းဆီးခံရသည့် သျှမ်းပြည်မြောက်ပိုင်း ဒေသခံ ၃၀ ကို ထိုင်းရဲတပ်ဖွဲ့ က နာမည် နှင့်လက်မှတ် ကောက်ယူကာ မြန်မာပြည်သို့ ပြန်ပို့ပေးမည်ဟု ပြောဆိုလိုက်သည်။

အဆိုပါ သျှမ်းပြည် မြောက်ပိုင်း ဒေသခံများအား ထိုင်းနိုင်ငံအတွင်းသို့ ခေါ်ဆောင်ခိုးသွင်းလာသည့် ပွဲစားများကို လည်း ဆက်လက်စုံစမ်း ရှာဖွေကာ အရေးယူသွားမည် ဟု ထိုင်းရဲများကပြောသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...