သျှမ်းနှစ်တပ်ညီညွှတ်ရေး ပံ့ပိုးပေးရန် ဝါရင့်တော်လှန်သမားဟောင်းများအား RCSS/SSA ခေါင်းဆောင် ဖိတ်ခေါ်တွေ့ဆုံ

သျှမ်းနှစ်တပ်ညီညွှတ်ရေး ပံ့ပိုးပေးရန် ဝါရင့်တော်လှန်သမားဟောင်းများအား RCSS/SSA ခေါင်းဆောင် ဖိတ်ခေါ်တွေ့ဆုံ
Photo RCSS/ သျှမ်းနှစ်တပ်ညီညွှတ်ရေး ပံ့ပိုးပေးရန် ဝါရင့်တော်လှန်သမားဟောင်းများအား RCSS/SSA ခေါင်းဆောင် ဖိတ်ခေါ်တွေ့ဆုံ
Photo RCSS/ သျှမ်းနှစ်တပ်ညီညွှတ်ရေး ပံ့ပိုးပေးရန် ဝါရင့်တော်လှန်သမားဟောင်းများအား RCSS/SSA ခေါင်းဆောင် ဖိတ်ခေါ်တွေ့ဆုံ

သျှမ်း တော်လှန်ရေးသမားဟောင်းများအား RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဖိတ်ခေါ်တွေ့ဆုံကာ သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော ပဋိပက္ခများပြေငြိမ်းပြီး ညီညွှတ်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

မတ်လ ၁၀ ရက်နေ့က RCSS/SSA ဥက္ကဌမှခေါ်ယူတွေ့ဆုံသူများမှာ ပူနန်စော၊ စဝ်ကဏ်းကျစ်၊ စဝ်ပိုင်းမိန်း၊ စဝ်ခွန်ထူး (စဝ်ဆူးလိုင်း)တို့အပြင်တခြားသော အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ အများအပြားပါ၀င်သည်ဟုသိရ သည်။

တွေ့ဆုံမှုတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က – “သက်ကြီးမိဘတွေ ရှေ့ဆောင်လမ်းပြတွေဆီကနေ အကူအညီ တောင်းချင်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ကြား တိုက်ပွဲတွေရပ်တန့်အောင်နဲ့ ဝေးကွာနေတာကို နီးကပ်လာအောင် ဘယ်ဘက်မှ မယိမ်းမယိုင်ဘဲ ကြားဝင်ညှိနှိုင်းပေးပါ။” – ကပြောသည်။

RCSS/SSA သည် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသောအဖွဲ့ဖြစ်သော် လည်း ယနေ့တိုင် အစိုးရတပ်မတော်နှင့် တိုက်ပွဲပေါင်း ၃၀၀ ထက်မနည်း ဖြစ်ပွါးခဲ့ဖူးကြောင်း သိရသည်။

တဖက်တွင်လည်း ၂၀၁၅ ခုနှစ်မှစပြီး SSPP နှင့် TNLA တို့ကလည်း RCSS/SSA အားသျှမ်းပြည်မြောက်ပိုင်းသို့ ကျူးကျော်လှုပ်ရှားလာသည်ဟု ပြောဆိုကာ တိုက်ပွဲများဆင်နွဲလာရာမှာ ယနေ့တိုင်ဖြစ်သည်။

တိုက်ပွဲများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးယွက်စစ်က – “ အဲဒီဘက်ကို ကျနော်တို့က ၂၀၀၆ ကတည်းက သွားလှုပ်ရှားနေခဲ့တယ်။ ကျနော်တို့က တောင်ပိုင်း သျှမ်းပြည်တပ်မတော်လို့သာ နာမည်ရနေတာ တပ်ဖွဲ့ဝင် တော်တော်များများက ၈၀ ရာခိုင်နှုန်းလောက်က မြောက်ပိုင်းသားတွေပါ။ ကျနော်တို့က ပစ်ခတ်မှုမလုပ်ချင်ဘူး။ ဒါကြောင့်အခုတိုက်ပွဲတွေက ကျနော်တို့ဘက်က မိမိကိုယ်မိမိ ကာကွယ်ဖို့ ခံစစ်အနေနဲ့ ဘဲ တိုက်ခိုက် နေရတာဖြစ်ပါတယ်။ ဆိုတော့ သံဃာတော်တွေ ဒေသခံပြည်သူလူထုတွေကို ကျနော်တို့ ၂ ဖွဲ့ကြားဝင်ပြီး ကူညီဖြန်ဖြေပေးဖို့ အကူအညီတောင်းချင်ပါတယ် ” – ဟု ပြောသည်။

ဆွေးနွေးမှုတွင် နှစ်ဘက်တပ်များပစ်ခတ်နေမှု ရပ်တန့်ဖို့ရန် အဓိကဖြစ်ကြောင်း၊ နှစ်ဘက်တပ်များ တပ်ဆုတ်စရာမလိုသေးဘဲ ရောက်သည့်နေရာတွင် ဆက်လက်နေထိုင်သွားကြစေလိုကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP အပါ အဝင် မြောက်ပိုင်းမဟာမိတ်တပ်များက RCSS တပ်များအနေဖြင့် လုံးဝ တပ်ဆုတ်ရမည်ဖြစ်ကြောင်း၊ တပ်ဆုတ်ပြီးမှသာ တွေ့ဆုံဆွေးနွေးမည်ဟု ထုတ်ပြန်ထားသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...