ဒုတိယကမ္ဘာစစ်အတွင်း မြန်မာမြေပေါ်မှာ ကျဆုံးတဲ့ အမေရိကန်စစ်သားရုပ်အလောင်းကို နေရပ် ပြန်ပို့

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာမြေပေါ်မှာ ကျဆုံးတဲ့ အမေရိကန်စစ်သားရုပ်အလောင်းကို နေရပ် ပြန်ပို့

ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာမြေပေါ်မှာ ကျဆုံးတဲ့ အမေရိကန်လေတပ်စစ်သား ဖြစ်ဖွယ်ရှိတဲ့ ကြွင်းကျန်ရုပ်အလောင်းတွေကို အင်္ဂါနေ့က နေရပ် အမေရိကန်ဆီ ပြန်ပို့ပေးခဲ့ရာ အရှေ့တောင်အာရှမှာ ခုလို ဖြစ်စဉ်မျိုးက ပထမဆုံးဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်တွေ ဂျပန်တပ်တွေကြား အာရှမှာ အဓိကစစ်မြေပြင်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အမေရိကန်လေတပ်စစ်သည် ရာပေါင်းများစွာရဲ႕  ရုပ်အလောင်းတွေ စာရင်းမကောက်ယူနိုင်သေးဘဲ ရှိနေဆဲ ဖြစ်ပါတယ်။

အင်္ဂါနေ့က ပြန်ပို့ဆောင်တဲ့ ရုပ်အလောင်းတွေဟာ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးနယ်မြေမှာ B25G စစ်လေယာဉ် ပျက်ကျမှုက ရုပ်အလောင်းတွေ ဖြစ်ဖွယ်ရှိတယ်လို့ ယူဆထားကြပါတယ်။ နှစ်နှစ်တာ စုံစမ်းစစ်ဆေးပြီးနောက် လေယာဉ်ပျက် အပိုင်းအစတွေကို တွေ့ရှိတာ ဖြစ်ပေမယ့် သင်္ချိုင်းမြေပုံတွေတော့ ရှိနေတာ မတွေ့ရပါ။ ခု နေရပ်ပြန်ပို့မှု အခမ်းအနားကို မန္တလေးနိုင်ငံတကာလေဆိပ်မှာ ပြုလုပ်ခဲ့တာပါ။

အဖြူဝတ် စစ်မှုထမ်းတွေက အမေရိကန်နိုင်ငံ လွှမ်းခြုံထားတဲ့ ခေါင်းတလားကို အလေးပြုကြပြီးနောက်မှာ C17 စစ်လေယာဉ်ပေါ် တင်ဆောင်ခဲ့ကြပါတယ်။ “ခုလို ရုပ်အလောင်းတွေ နေရပ်ပြန်ပို့တဲ့ အခမ်းအနားဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်က နှစ်နိုင်ငံကြား နက်ရှိုင်းတဲ့၊ ခိုင်မြဲတဲ့၊ သမိုင်းတွင် ဆက်ဆံမှုတွေကို သတိရစေပါတယ်။”လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောပါတယ်။

ခု ရုပ်အလောင်းအကြွင်းအကျန်တွေကို Defense POW/MIA  Accounting Agency DPAA က မကြာသေးခင် ပြန်လည်တူးဖော်ရှာဖွေရေး လုပ်ဆောင်မှုမှာ ရှာဖွေဖော်ထုတ်တွေ့ရှိတာ ဖြစ်ပြီး ဟာဝိုင်ယီက ဓာတ်ခွဲခန်းဆီ နောက်ထပ် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် ပို့ဆောင်မှာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...