သတင်းမီဒီယာကောင်စီမှ လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်စေရန် ကော်မတီ ၇ ခုဖွဲ့စည်း

သတင်းမီဒီယာကောင်စီမှ လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်စေရန် ကော်မတီ ၇ ခုဖွဲ့စည်း

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) ၏ လုပ်ငန်းများကို မြန်ဆန်စွာဆောင်ရွက်နိုင်ရေးဟုဆိုကာ ကော်မတီ ၇ ခုကိုဖွဲ့စည်းလိုက်ကြောင်း ကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က မဇ္စျိမသို့ပြောသည်။

“ အလုပ်တွေမြန်မြန်ဆန်ဆန်ဖြစ်အောင်။ ကော်မတီတွေကနေ ဆုံးဖြတ်တာမျိုးဖြစ်အောင်ပေါ့။ လပတ် အစည်းအဝေးမှာမှ ဆုံးဖြတ်ဆွေး နွေးဆိုတော့ တချို့ဟာတွေကြာတယ်။ အဲ့တော့ ကော်မတီတွေ အသီးသီး ပေးပြီး ကော်မတီတွေကနေ လုပ်ကြပေါ့ “ ဟု ၎င်းကဆိုသည်။

 မတ်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၊  သတင်းမီဒီယာ ကျင့်ဝတ်နှင့် သတင်းမီဒီယာ ဖွံ့ဖြိုးရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ ဥပဒေရေးရာကော်မတီ၊ ရုံးလုပ်ငန်း စီမံခန့်ခွဲရေးကော်မတီ တို့ကိုဖွဲ့စည်းလိုက်ကြောင်း ကြေငြာခဲ့ခြင်းလည်းဖြစ်သည်။

 သတင်းမီဒီယာကောင်စီတွင် ရွေးကောက်တင်မြောက်ခံထားရသည့် အဖွဲ့ဝင် ၂၉ ယောက်ရှိသည့်အနက် အဆိုပါကော်မတီများတွင် အချိုးကျ ပါဝင်ထားသည်ကိုလည်းတွေ့ရသည်။

 “ ကိုယ်ဆိုရင် ကျင့်ဝတ်နှင့် သတင်းမီဒီယာ ဖွံ့ဖြိုးရေးကော်မတီမှာ အတွင်းရေးမှူးတာဝန်ယူထားတာဆိုတော့ သင်တန်းပိုင်းဆိုင်ရာ ကိစ္စတွေ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စတွေ အဲ့တာမျိုးတွေတော့ မြန်မြန်ဆန်ဆန် ကိုင်တွယ် ပေးရတာပေါ့နော်” ဟု ဦးဇေယျာလှိုင် က ဆိုသည်။

 အဆိုပါကော်မတီ ၇ ခုကို MPC ၏လပတ်အစည်းအဝေးကျင်းပမှု အပြီး မတ်လ ၈ ရက်နေ့တွင် ဖွဲ့စည်း လိုက်ကြောင်းလည်းသိရသည်။

 မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) သည် အဖွဲ့ဝင်များကို ၃ နှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပ တင်မြောက်ခြင်းဖြစ်ပြီး လက်ရှိ ဥက္ကဋ္ဌမှာ ဟံသာဝတီ ဦးအုန်းကြိုင်ဖြစ်သည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...