အစိုးရတပ်အား TNLA ချောင်းပစ် မိုင်းငေါ့မြို့ခံတဦးထိမှန်

အစိုးရတပ်အား TNLA ချောင်းပစ် မိုင်းငေါ့မြို့ခံတဦးထိမှန်
Photo Credit to ကျောက်မဲမြို့သတင်းရပ်ဝန်း- ကျည်ဆန်ထိမှန်သော မိုင်းငေါ့မြို့သူ နန်းခမ်းလှအား ဆေးရုံသို့ပို့ဆောင်စဉ်
Photo Credit to ကျောက်မဲမြို့သတင်းရပ်ဝန်း- ကျည်ဆန်ထိမှန်သော မိုင်းငေါ့မြို့သူ နန်းခမ်းလှအား ဆေးရုံသို့ပို့ဆောင်စဉ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ အတွင်း အစိုးရတပ်မတော် စစ်ကြောင်း တခုအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကစောင့်ကြပ်ပစ်ခတ်ရာ စျေးရောင်းဖို့သွားသည့် ဒေသခံ အမျိုးသမီး တဦးအားထိမှန်ကြောင်း သတင်းရရှိသည်။

မတ်လ ၉ ရက် နံနက် ၁၀ နာရီကျော်အချိန် မိုင်းငေါ့မြို့ အနောက်ဘက် ရန်ကင်းတောင်ဘုရားကုန်းပေါ်တွင် အခြေ ချသည့်အစိုးရတပ်မတော် ဗျူဟာစခန်း မှ လူအင်အား ၁၀ ကျော်ရှိ ဆေးတပ်ဖွဲ့ မြို့ပေါ် ကြံံ့ခိုင်ရေးရုံးသို့ ဆေးစစ်ပေးရန် အသွားချောင်းပစ်ခတ်ခံရကြောင်း၊ ပစ်ခတ်ချိန် ၁၀ မိနစ် ခန့်ကြာ မြင့်ကြောင်း၊ ပစ်ခတ်နေစဉ် စျေးရောင်းသွားသည့် ဒေသခံ နန်းခမ်းလှ အသက် ၅၀ က ကျည်ဆံထိမှန် ဒဏ်ရာ ရရှိသဖြင့် လက်ရှိတွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသထားကြောင်း ကြားသိရသည်။

“ပေါင်မှာ ဒဏ်ရာရတယ် ။ အခု သူ့ကို ကျောက်မဲ ဆေးရုံကိုပို့ပေးတယ်။ ဒဏ်ရာစိုးရိမ်ရတဲ့အနေ အထားတော့မရှိဘူး၊ ဒါပေမယ့် မြို့လယ် မှာ လာပစ်တော့ လူထွေထိတ်လှန့်တာပေါ့။ ” – ဟု ကျောက်မဲမြို့ ဇီဝိတ လူမှု ကူညီရေး အသင်း က ဦးတင်မောင်သိန်း ကပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များ ကြားဖြစ်ပွားသော စစ်ရေးပဋိပက္ခများကြောင့် မိုင်းငေါ့မြို့တွင် လူစည်ကားမှု မရှိတော့ကြောင်း၊ ယခုလလည်ပိုင်းတွင်ကျင်းပရန် ပြင်ဆင်ထားသည့် ရိုးရာရှင်ပြုပွဲလည်း အစီအစဉ် ဖျက်သိမ်းလိုက်ရကြောင်း၊ လူထု အကျိုးရှေးရှုပြီး တိုုက်ပွဲများအမြန်ဆုံးရပ်တန့်ပေးကြရန် တောင်းဆိုလိုကြောင်း ရှင်လောင်းပွဲ ကျင်းပရေးကော်မတီ ၀င် တဦးကပြောသည်။

မိုင်းငေါ့မြို့ဘက်တွင် အစိုးရတပ်မတော် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ နှင် တနိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်များလည်း သွားလာ လှုပ်ရှားသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...