၂၀၁၉ မကုန်မီ မြန်မာနိုင်ငံ၏ ၅၀ ရာခိုင်နုန်း မီးလင်းရမည်ဟု အတိုင်ပင်ခံပြော

၂၀၁၉ မကုန်မီ မြန်မာနိုင်ငံ၏ ၅၀ ရာခိုင်နုန်း မီးလင်းရမည်ဟု အတိုင်ပင်ခံပြော

ယခုနှစ် (၂၀၁၉) မကုန်မီ မြန်မာနိုင်ငံ၏ ၅၀ ရာခိုင်နုန်းကို မီးလင်းအောင်လုပ်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ် မတ်လ ၇ ရက်နေ့တွင် ထမံသီ၌ ပြည်သူလူထု နှင့်တွေ့ဆုံစဉ် ကတိပေး ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။

“နေရာတိုင်းမှာ လိုအပ်ချက်တွေရှိတယ်။ တစ်ဆင့်ပြီးတစ်ဆင့်တိုင်းတော့ လုပ်သွားရမှာပဲ။ ရည်မှန်း ထားတာတော့ ဒီနှစ်မကုန်ခင်မှာဆိုလို့ရှိရင် မြန်မာနိုင်ငံ ၅၀ ရာခိုင်နုန်းမီးလင်းမှုရမယ်” ဟု၄င်းကဆိုသည်။

ထို့အပြင် နောက်လာမည့်နှစ်များအတွင်း တစ်တိုင်းပြည်လုံးတွင် လျှပ်စစ်မီးရရှိရေးအတွက် စီမံကိန်းများ လုပ်ဆောင်နေသည်ဟုလည်း အတိုင်ပင်ခံကဆိုသည်။

“ အရင် ၃နှစ်လောက်တုန်းကဆိုရင် ၂၀ ရာခိုင်နူန်းကျော်ပဲရှိတယ်။ အရင်ထက်နှစ်ဆလောက်ပေါ့။ ရွာတွေရော မြို့တွေရော လျှပ်စစ်မီးရဖို့” ဟု ၄င်းကဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လျှပ်စစ်မီး မရရှိသည့် နေရာများတွင် လျှပ်စစ်မီး ရရှိပါက ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် စီးပွားရေး အခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်မည် ဖြစ်သောကြောင့် ပြည်သူလူထုအား လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးမည် ဟုလည်း နိုင်ငံတော်၏ စွမ်းအင်မူဝါဒ ညှိနှိုင်းအစည်းအဝေး တွင်ပြောဆိုခဲ့ဖူးသည်။

လျှပ်စစ်သုံးစွဲမှုမှာ နှစ်စဉ် (၁၅)ရာခိုင်နှုန်းခန့် တိုးတက် သုံးစွဲနေပြီး ၂၀၂၀ ခုနှစ်တွင် (၁၀၀၀၀) မဂ္ဂါဝပ်ခန့်အထိ သုံးစွဲမှု တိုးတက်လာ နိုင်သောကြောင့် ရေရှည် စီမံကိန်း အနေဖြင့် ၂၀၃၀ ခုနှစ်အထိ နှစ်(၃၀) မဟာဗျူဟာ ရေးဆွဲ ဆောင်ရွက်လျက် ရှိပသည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှထုတ်ပြန်ထားဖူးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...