မာန်အောင်လေယာဉ်ကွင်းတွင် လေယာဉ် ဆင်းသက်စဉ် ဘီးပေါက်၍ လမ်းဘေးထိုးရပ်

မာန်အောင်လေယာဉ်ကွင်းတွင် လေယာဉ် ဆင်းသက်စဉ် ဘီးပေါက်၍ လမ်းဘေးထိုးရပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မာန်အောင်မြို့ စမုံတဲ လေယာဉ်ကွင်းတွင် နိ၀င်္ဘာလ ၁၆ရက် နံနက်က မြန်မာလေကြောင်းမှ ခရီးသည်တင် ၈ ဦးကို တင်ဆောင်လာသာ လေယာဉ်ငယ် တစ်စီး လေယာဉ်ကွင်း ဆင်းသက်စဉ် ဘီးပေါက်၍ လမ်းဘေး ထိုးရပ်သွားခဲ့ကြောင်း သတင်းရရှိသည်။

မာန်အောင်ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိက “ ဘီးပေါက်ပြီး လမ်းဘေးကို ထိုးကျသွားတာဟုတ်ပါတယ်။ ဒီကနေ့ နံနက် ၉ နာရီခန့်မှာ ဖြစ်တာပါ။ လေယာဉ်ပေါ်မှာတော့ လေယာဉ်မှူး တစ်ဦး၊ လက်ထောက် လေယာဉ်မှူးတစ်ဦး၊ လေယာဉ်မယ် တစ်ဦးနဲ့ ခရီးသည် ၈ ဦး၊ စုစုပေါင်း ၁၁ ဦးလိုက်ပါတယ်။ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး” ဟု အတည်ပြု ပြောကြားသည်။

လေယာဉ်သည် လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် ပေ ၂၀၀ ခန့်သာ ပြေးရသေးပြီး ညာဘက် နောက်ဘီး ပေါက်ကာ လမ်းဘေးသို့ ချော်ကျကာ ရပ်သွားခဲ့သည်ဟု ဆိုသည်။

“ မတော်တစ်ဆ ဖြစ်ပြီးတဲ့ လေယာဉ်ရှေ့က ပန်ကာလည်း ကွဲသွားတယ်လို့ သိရတယ်။ ပျံလို့ တော့ ခုချိန်ထိ မရသေးဘူး။ ပြင်နေတယ်လို့ သိရပါတယ်။ နောက်လေယာဉ် တစ်စီးနဲ့ လာရောက်ပြီး ခရီးသည်တွေကို တင်ယူသွားတယ်လို့ သိရပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

မြန်မာလေကြောင်းလိုင်းသည် ရန်ကုန်နှင့် မာန်အောင်အကြား တစ်ပတ်တွင် – တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ – သုံးရက်ပျံသန်းပြေး ဆွဲနေပြီး ယခု လေယာဉ်မှာ ရန်ကုန်မှ ပျံသန်းလာသော လေယာဉ် ဖြစ်ကြောင်း သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...