ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ဆောင်ခြင်းသည် မြစ်ဆုံကိစ္စကို အာရုံလွှဲခြင်းမဟုတ်ဟု ဆို

ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ဆောင်ခြင်းသည် မြစ်ဆုံကိစ္စကို အာရုံလွှဲခြင်းမဟုတ်ဟု ဆို

မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းသည် မြစ်ဆုံစီမံကိန်းကို အာရုံလွှဲရန်အတွက် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၄)မှ  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာစာတမ်းမှာကိုက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုတာ ပါခဲ့ပြီးသားပဲ။ မြစ်ဆုံ ပြသနာတွေ၊ဘာတွေ ဒီချိန်မှာ ဘာမှရှိခဲ့တာမဟုတ်ဘူး။ အခုကြတော့မှ မြစ်ဆုံကို အာရုံလွှဲချင်လို့ဆိုတာ စွပ်စွဲချက်တစ်ရပ်သာ ဖြစ်ပါကြောင်း အတိအလင်း ပြောကြားလိုပါတယ်”ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

ယနေ့ မတ်လ ၅ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ၄င်းက မီဒီယာများသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စသည် မည်သည့်ကိစ္စကိုမဆို လွှမ်းမိုးခြင်း၊ ရှောင်လွှဲခြင်း၊ အမြင်လွှဲခြင်း ဆိုသည့် ကိစ္စရပ်မျိုး မရှိကြောင်းကို ၄င်းက ဆက်ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အရေးကြီးအဆိုတစ်ရပ်ကို အာဏာရပါတီ NLD မှ ကိုယ်စားပြု လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ လ ၂၉ ရက်နေ့တွင် တင်သွင်းလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ကော်မတီဝင် ၄၅ ဦးပါရှိသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၂၀၀၈ ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ပြင်ဆင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။

အဆိုပါ ပူးပေါင်းကော်မတီအနေဖြင့် ပုဒ်မ(၁)မှ စတင်ကာ ပုဒ်မ(၄၅) အထိ ဇယား(၁)မှ (၅)အတွင်းရှိသည့် ပြဋ္ဌာန်းချက်များအားလုံးကို ၅ လအတွင်း အပြီးသုံးသပ်ပြင်ဆင်ကာ ဥပဒေကြမ်းတစ်ရပ် ပေါ်ထွက်လာရေး အတွက် လုပ်ဆောင်ရမည် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...