တောထဲမှာ လမ်းပျောက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာစစ်သားကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်ပေးပို့

တောထဲမှာ လမ်းပျောက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာစစ်သားကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်ပေးပို့

မွတ်စလင်အများစု ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နယ်စပ်တောတွင်းမှာ လမ်းပျောက်နေခဲ့တဲ့ မြန်မာစစ်သားကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာမှ နှစ်လခန့်အကြာ တနင်္ဂနွေနေ့မှာတော့ ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံဖက်ကို ပြန်လည်ပေးပို့ခဲ့တယ်လို့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသက် ၃၀ ရှိ မြန်မာစစ်သား ကိုအောင်ဘိုဘိုသိန်းကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နက်ခေါင်ချာရီတောင်ပိုင်းမြို့အနီးမှာ ဇန်နဝါရီ ၂၄ ရက်က ဖမ်းဆီးထိန်းသိမ်းရမိထားတာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဆာဂျီဒါရက််ရှ်မန်းက ပြောပါတယ်။

“သူဟာ နယ်စပ်ကို ကျော်လွန်လာတယ်။ သူ့ကို တောထဲမှာ တွေ့ပြီး ထိန်းသိမ်းထားခဲ့တာပါ။ ဒီကနေ့မှာတော့ အလံတင်အခမ်းအနားကနေ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ သူ့ကို ပြန်လည်ပေးပို့ခဲ့တာဖြစ်ပါတယ်။”လို့ ရက်ရှ်မန်းက ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်းက ဘင်္ဂလားဒေ့ရှ်ဖက်ကို ဘင်္ဂါလီမွတ်စလင်တွေ ထောင်သောင်းများစွာ ထွက်ပြေးခိုလှုံတဲ့ ရခိုင်ပြဿနာ ဖြစ်ပွားချိန်ကစလို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဟာ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်နေခဲ့ပါတယ်။

ရခိုင်ပြဿာနာ နောက်ပိုင်း ဘင်္ဂါလီဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်ကို တစ်ဖွဲဖွဲ ဝင်ရောက်နေခဲ့ပေမယ့် ခုချိန်မှာ ဝင်ရောက်မှု မရှိသလောက် နည်းပါးသွားပြီဖြစ်ကာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း လုံးဝမရှိတော့ဘူးလို့ ရက်ရှ်မန်းက ပြောခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...