တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှု တားဆီးရေး မြန်မာအစိုးရအား EU မှ ချီးကျူး

တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှု တားဆီးရေး မြန်မာအစိုးရအား EU မှ ချီးကျူး

တောရိုင်းတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲတို့ကို ကာကွယ်စောင့်ရှောက်ပြီး တရားမဝင် ရောင်းဝယ်ဖောက်ကားမှု အဆုံးသတ်ရေးအပေါ် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များ နှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ(EU) မှ ချီးကျူး ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလတွင် ပြည်ထောင်စု လွှတ်တော်က ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေမှာ ဤဒေသအတွင်းမှ တောရိုင်း တိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေး ဥပဒေများအနက် အားအကောင်းဆုံး၊ အခိုင်မာဆုံး ဥပဒေတစ်ရပ် ဖြစ်ပါသည်ဟု ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ၏ အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ လုံးဝကာကွယ်တားမြစ်ထားသည့် ဆင်များကို သတ်ဖြတ် ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရောင်း/ဝယ်ခြင်း ပြုလုပ်ပါက အနိမ့်ဆုံး ထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၁ဝ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

မြန်မာနိုင်ငံအတွင်း ဆင်သားရေခွာခြင်းမှာ လျော့ပါးသွားခဲ့သော်လည်း သင်းခွေချပ်၊ ကျား၊ ပင်လယ်လိပ်များကဲ့ သို့ မျိုးသုဉ်းပျောက်ကွယ်လုနီးနေသည့် သတ္တဝါများအား ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံက ရုန်းကန် အားထုတ်နေရဆဲလည်း ဖြစ်သည်။

ထို့ကြောင့် ဥပရောပသမဂ္ဂ (EU) အနေဖြင့် အရေးယူဆောင်ရွက်မှုများကို ထောက်ခံပံ့ပိုးသွားမည် ဖြစ်ကြောင်း မတ်လ ၁ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းချမှုများအား တားမြစ်မှုကို ထိထိရောက်ရောက် ဆောင်ရွက်ခြင်း၊ အဆိုပါ ကုန်သွယ်မှုမှ ထွက်ပေါ်လာသော တရားမဝင် ငွေကြေးများကို ကိုင်တွယ်ဆောင်ရွက်ခြင်းတို့ကို အရေးယူခြင်း တို့ လုပ်ဆောင်ရန် EU မှ တိုက်တွန်းထားသည်။

ယနေ့ မတ်လ ၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ တောရိုင်း တိရစ္ဆာန်များနေ့တွင် မြန်မာနိုင်ငံအစိုးရသည် ဖမ်းဆီးရမိထားသော ဆင်စွယ်များနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ကို လူသိရှင်ကြား ဖျက်စီးပြခဲ့သည်။

၂၀၁၆ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန် ကုန်ကူးမှု ဆန့်ကျင်ရေး ဥရောပသမဂ္ဂလုပ်ငန်းစီမံချက်ကို ဥရောပသမဂ္ဂက ပြဋ္ဌာန်းခဲ့သည်။ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုသည် ကမ္ဘာအနှံ့တွင် အကျိုးအမြတ် အများဆုံး ရရှိနိုင်သည့် ရာဇဝတ်ပြစ်မှုမြောက်သော ဆောင်ရွက်မှုလည်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...