ကျောက်မီးသွေးစက်ရုံ အဆိုး၊ အကောင်း ကျောက်ဖြူဒေသခံများ ဆွေးနွေးမည်

ကျောက်မီးသွေးစက်ရုံ အဆိုး၊ အကောင်း ကျောက်ဖြူဒေသခံများ ဆွေးနွေးမည်
by -
နိရဥ္စရာ
သဘာဝဓာတ်ငွေ့ထွက်ရာ ရခိုင်ဒေသတွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ မတည်ဆောက်ဘဲ ဒေသအတွင်း မထွက်သော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်မည့် အစိုးရ၏ စီမံကိန်းနှင့် ပတ်သက်ပြီး နောက် ကွယ်တွင် မည်သို့ ရည်မှန်းချက်များ  ရှိသည်ကို ဝေဖန် ဆန်းစစ်နိုင်ရန် ကျောက်ဖြူဒေသခံများ ဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ်သွား မည်ဟု သတင်း ရရှိသည်။

နိုင်ငံတော် အစိုးရမှ ကျောက်ဖြူမြို့နယ်၊ အလယ်ဒွိန်ကျေးရွာအုပ်စုနယ်မြေတွင်  အကောက်အထည်ဖော်မည့် သန့်စင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ လူထုထံ ချပြခဲ့ပြီး ဖြစ်သော်လည်း ဒေသခံပြည် သူလူထုများ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို  ကျေးလက်ဒေသကွန်ယက်မှ ဦးဆောင်၍ မေလ ၂၁ ရက်နေ့တွင် မအူပြိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သွားမည် ဟု ကျေးလက်ဒေသ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“ကျောက်မီးသွေးစီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားတွေကို ကျေးရွာအုပ်စုကိုယ်စားလှယ်များမှ ဆွေးနွေးသွားမယ်။ အုပ်စုအလိုက်လည်း ၀ိုင်းဖွဲ့ဆွေးနွေးသွားမယ်။ ပြီးရင် သဘောထား မှတ်ချက်များ ကောက်ယူပြီးတော့ အစည်းအဝေးမှ သဘောထားထုတ်ပြန်ကြေငြာသွားပါမယ်” ဟု ၎င်းကပြောသည်။

မေလ ၆ ရက်နေ့က ကျောက်ဖြူမြို့၊ ရမ္မဝတီခန်းမတွင် ကုမ္ပဏီတာဝန်ရှိသူများမှ ဒေသခံလူထုအား အသိပေး ရှင်းလင်းခြင်း အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ‘ဒေသခံများမကြိုက်ရင် စီမံကိန်းကို ပြုလုပ်မှာ မဟုတ်ဘူး’ ဟု ပြောဆိုထားသည်။

ကိုရီးယား ဒေဝူး (Daewoo International Corporation) နဲ့ MCM Energy Company Limited တို့အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ၎င်းစီမံကိန်း၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၂၅၀၀ ခန့်ဖြစ်ပြီး မြေဧက အကျယ်အဝန်းမှာ ဧက ၆၀၀ မှ ဧက ၁၀၀၀ ခန့် အသုံးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်၊ မအူပြိန်ကျေးရွာတွင် ပြုလုပ်မည့် လူထုတွေ့ဆုံဆွေးနွေးပွဲသို့ အလယ်ဒွိန် ကျေးရွာအုပ်စု နယ်မြေဒေသခံ များ၊ ကျောက်ဖြူဒေသခံများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များအား ဖိတ်ကြားထားကြောင်းသိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...