မြောက်ဦးမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး လေးဦးကို ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲထား

မြောက်ဦးမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး လေးဦးကို ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲထား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးလေးဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားသည်ဟု ကြားသိရကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

“ကျွန်တော်တို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဘာကြောင့်ဖမ်းတာလဲ။ ဘာအမှုနဲ့ ဖမ်းတာလဲ အဲ့ဒါတွေကို တာဝန်ရှိသူ ရဲတွေကို မေးတယ်။ သူတို့ဘက်က ဘာမှ ဖြေကြားမှုမရှိဘူး။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့လည်း မတွေ့ရဘူး” ဟု ဦးထွန်းသာစိန်က ဆိုသည်။

ရန်အောင်ပြင်ကျေးရွာမှ ဦးစိန်လှမောင်၊ ပြိုင်းချကျေးရွာက ဦးမောင်ဦးစိန်၊ ပေါက်ပင်ကွင်းကျေးရွာက ဦးမောင်တင်ရွှေ နှင့် ကျောက်ဆည်ပြင်ကျေးရွာက ဦးအောင်နိုင်ထွန်းတို့အား ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ လစဉ် အစည်းဝေးပြုလုပ် နေချိန်တွင် စစ်ဆေးမေးမြန်းရန် မြို့နယ်ရဲတပ်ဖွဲ့က လာရောက် ခေါ်ဆောင်သွားခြင်းလည်းဖြစ်သည်။

“ဖမ်းထားတုန်းပဲ။ အခုလက်ရှိအခြေအနေက သူတို့ကို ၁၇(၁) နဲ့ အမှုဖွင့်ထားတယ်လို့ ကြားတယ်” ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့ကို မဇ္စျိမအနေဖြင့် ဆက်သွယ် မေးမြန်း သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်း၌  ရက္ခိုင့်တပ် AA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများသည် အစိုးရဘက်မှ စစ်ဆေးခြင်းကို ခံရသလို AA ဘက်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုလည်း ခံနေရသည်။

ပဋိပက္ခတိုက်ပွဲများဖြစ်ပွားရာ ဒေသများရှိ ဒေသခံပြည်သူများသည် မတရားအသင်း နှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁) ဖြင့် မကြာခဏဆိုသလိုတရားစွဲခံနေရခြင်းများ ရှိနေသည်။

ရှမ်းပြည်နယ် မုံကိုးမြို့မှ ကချင်သင်းထောက် ဆရာနှစ်ဦးသည် KIA နှင့် ဆက်သွယ်မှုကြောင့်ဟု ဆိုပြီး တရားစွဲခံရသလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင် ရဲဘော် မင်းဌေး လည်း မတရားအသင်းနှင့် ဆက်သွယ်သည့် ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံရဖူးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...