ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ မီဇိုရမ်ပြည်နယ်ကို သွားရောက်လေ့လာ

ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ မီဇိုရမ်ပြည်နယ်ကို သွားရောက်လေ့လာ
by -
ခိုနူမ်းထုန်
ချင်းအရပ်ဖက်လူမှုအဖွဲ့ အစည်းများကွန်ယက် (Chin Civil Society Network (CCSN) မှ ကိုယ်စားလှယ် ၁၈ ဦးတို့သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ ချင်းမျိူးနွယ်စုများနေထိုင်သော မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေကြပြီး ဒေသတွင်း အခြေ အနေများကို လေ့လာနေကြကြောင်း သတင်းရရှိသည်။

ချင်းအမျိူးသား ၁၀ ဦးနှင့် အမျိူးသမီး ၈ ဦးပါ၀င်သော (CCSN) ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့က ပြည်နယ်၏မြို့ အိုင်ဇောလ်သို့ ရောက်ရှိခဲ့ကြပြီး ဒေသတွင်းအခြေစိုက် သြဇာကြီးမားသော အသင်းအဖွဲ့များနှင့်တွေ့ဆုံ ခဲ့ကြသည်။

ယခုခရီးစဉ်သည် ရှည်လျားသည့်သမိုင်းကြောင်းအရ မျိူးနွယ်စုတူ၊ သွေးချင်းညီအကို မီဇိုးလူမျိူးများ၏ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ပြည်နယ် မီဇိုရမ်ပြည်နယ်၏ အုပ်ချူပ်ရေး၊ ပညာရေး၊ လူနေမှု၊ မြို့ပြနှင့် ကျေးလက်ဒေသများရှိ စီမံအုပ်ချူပ်ပုံစနစ်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို လေ့လာသုသေသနပြုသည့်ခရီးစဉ်ဖြစ်သည်ဟု ချင်းကိုယ်စားလှယ်များ ကပြောသည်။

ချင်းကိုယ်စားလှယ်များသည် မီဇိုရမ်ပြည်နယ် Governor Lt.Gen.Nirbhay Sharma နှင့်လည်း နိုဝင်ဘာ ၁၆ ရက်နေ့က တွေ့ ဆုံခဲ့ကြပြီး ယခုကဲ့သို့ ချင်းလူငယ်များမှ မီဇိုရမ်ပြည်နယ်ကို လာရောက်လေ့လာသည့်အတွက် ၀မ်းသာကြိုဆိုကြောင်း Governor ကပြောဆိုခဲ့သည်ဟုသိရသည်။

“အိန္ဒိယ-မြန်မာနယ်စပ်ဟာ ငြိမ်းချမ်းတဲ့နယ်စပ်ဒေသဖြစ်သလို နှစ်နိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးအချင်းချင်း ပို၍ ချစ်ကြည် ရင်းနှီးပြီး လွတ်လပ်စွာ သွားလာခွင့်ရှိတယ်၊ ဒါဟာ နှစ်နိုင်ငံအတွက် ပိုပြီး အကျိုးရှိလာဖို့ မျော်လင့်တယ်” ဟု Governor ကပြောသည်။

ချင်းကိုယ်စားလှယ်များသည် ယခုခရီးစဉ်တွင် Central Young Mizo Association (CYMA), အမျိုးသမီးအဖွဲ့ (MHIP) , ကျောင်းသား အဖွဲ့ (MZU), ZoRo စသည့် NGO’s အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံအကြားကျိူးဖြစ်ထွန်းစေမည့် အကြောင်းအရာများ ကို ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

ယခုနှစ်အစောပိုင်းတုန်းကလည်း ချင်းမီဒီယာကွန်ယက်၏ ဦးဆောင်မှုဖြင့် ချင်းသတင်းသမား ၂၀ ဦးတို့သည် မီဇိုရမ်ပြည် နယ်၏ စာနယ်ဇင်း၊ ရုပ်သံမီဒီယာလုပ်ငန်းများကို လေ့လာရန် သွားရောက်ခဲ့ကြပြီးဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...