Single mother များကလေးမွေးဖွားပါက ကလေးအဖေမှတ်ပုံတင်မပြသနိုင်သည့်အတွက် မွေးစာရင်းမရရှိဟုဆို

Single mother များကလေးမွေးဖွားပါက ကလေးအဖေမှတ်ပုံတင်မပြသနိုင်သည့်အတွက် မွေးစာရင်းမရရှိဟုဆို

Single mother များကလေးမွေးဖွားမည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် ကလေးအဖေမှတ်ပုံတင်မပြနိုင်သည့်အတွက် ကလေးမွေးစာရင်းရရှိရန်ခက်ခဲနေကြောင်း မွန်ပြည်နယ် အမျိုးသမီးနှင့်ကလေးသူငယ်များအခွင်ရေးဆိုင်ရာကော်မတီဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။

ယနေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)တွင် ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မွေးစားရင်းပြုလုပ်ပေးမှုအခြေအနေကို မေးမြန်းရာ၌ ဆက်စပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်ခံရသည့်အမျိုးသမီးများ ၊ လိင်လုပ်သားများ ၊ စွန့်ပစ်ခံထားရသည့်အမျိုးသမီးများအနေဖြင့် ရရှိလာသောကိုယ်ဝန်ကိုမွေးဖွားမည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့်ကလေးအဖေ၏မုတ်ပုံတင်မိတ္တူကို မပြသနိုင်သည့်အတွက် ကလေးမွေးစာရင်းမရကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“ မတော်တဆပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကလေးမွေးလိုက်တယ် ကလေးအဖေနာမည်ကိုပြောချင်တဲ့သူရှိတယ် မပြောချင်တဲ့သူရှိတယ် သို့သော် ကလေးမွေးစာရင်းရဖို့က အာ့တာအဓိကအချက်ဖြစ်နေတယ် ကလေးတစ်ယောက်ရှင်သန်ဖို့ ကလေးတစ်ယောက်ရဲ့အခွင့်အရေးတွေရဖို့အတွက်က ကလေးအဖေမှတ်ပုံတင်က အာ့လောက်အရေးကြီးနေလား “ ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

ကလေးသူငယ်များအခွင့်အရေးအရ မွေးဖွားလာသောကလေးများ၏ရပိုင်ခွင့်သည် မွေးစားရင်းဖြစ်ကြောင်း ၊ မွေးစာရင်းမရှိပါက မှတ်ပုံတင်ပြုလုပ်ရာတွင်အခက်အခဲရှိကြောင်း ၊ မှတ်ပုံတင်မရှိပါက ကလေးငယ်ကိုသန်းခေါင်းစာရင်းထဲ ထည့်သွင်း၍မရကြောင်း နှင့် ကလေးပညာရေး ကိုပါထိခိုက်နိုင်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ single mother ဆိုပြီးဂုဏ်ယူစွာနဲ့ရပ်တည်လာနိုင်တဲ့အမျိုးသမီးတွေရှိနေပြီး သူတို့ကမွေးတဲ့ကလေးတွေအတွက် အခွင့်အရေးတွေကိုပါ ဆက်ပြီးပေးဖို့လိုအပ်ပါတယ် “ ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာConvention on the Right of the child ကို ၁၉၉၁ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကလေးသူငယ်ဥပဒေကို ၁၉၉၃ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ကလေးသူငယ်တို့၏ အခြေခံအခွင့်အရေးများဖြစ်သည့် အသက်ရှင်ရပ်တည်မှုဆိုင်ရာအခွင့်အရေးများ ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေးများ ၊ ကာကွယ်မှုဆိုင်ရာအခွင့်အရေးများ နှင့် ပါဝင်ဆောင်ရွက်မှုဆိုင်ရာအခွင့်အရေးများကို ပြဌာန်းထားသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...