Single mother များကလေးမွေးဖွားပါက ကလေးအဖေမှတ်ပုံတင်မပြသနိုင်သည့်အတွက် မွေးစာရင်းမရရှိဟုဆို

Single mother များကလေးမွေးဖွားပါက ကလေးအဖေမှတ်ပုံတင်မပြသနိုင်သည့်အတွက် မွေးစာရင်းမရရှိဟုဆို

Single mother များကလေးမွေးဖွားမည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် ကလေးအဖေမှတ်ပုံတင်မပြနိုင်သည့်အတွက် ကလေးမွေးစာရင်းရရှိရန်ခက်ခဲနေကြောင်း မွန်ပြည်နယ် အမျိုးသမီးနှင့်ကလေးသူငယ်များအခွင်ရေးဆိုင်ရာကော်မတီဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။

ယနေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)တွင် ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မွေးစားရင်းပြုလုပ်ပေးမှုအခြေအနေကို မေးမြန်းရာ၌ ဆက်စပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်ခံရသည့်အမျိုးသမီးများ ၊ လိင်လုပ်သားများ ၊ စွန့်ပစ်ခံထားရသည့်အမျိုးသမီးများအနေဖြင့် ရရှိလာသောကိုယ်ဝန်ကိုမွေးဖွားမည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့်ကလေးအဖေ၏မုတ်ပုံတင်မိတ္တူကို မပြသနိုင်သည့်အတွက် ကလေးမွေးစာရင်းမရကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“ မတော်တဆပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကလေးမွေးလိုက်တယ် ကလေးအဖေနာမည်ကိုပြောချင်တဲ့သူရှိတယ် မပြောချင်တဲ့သူရှိတယ် သို့သော် ကလေးမွေးစာရင်းရဖို့က အာ့တာအဓိကအချက်ဖြစ်နေတယ် ကလေးတစ်ယောက်ရှင်သန်ဖို့ ကလေးတစ်ယောက်ရဲ့အခွင့်အရေးတွေရဖို့အတွက်က ကလေးအဖေမှတ်ပုံတင်က အာ့လောက်အရေးကြီးနေလား “ ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

ကလေးသူငယ်များအခွင့်အရေးအရ မွေးဖွားလာသောကလေးများ၏ရပိုင်ခွင့်သည် မွေးစားရင်းဖြစ်ကြောင်း ၊ မွေးစာရင်းမရှိပါက မှတ်ပုံတင်ပြုလုပ်ရာတွင်အခက်အခဲရှိကြောင်း ၊ မှတ်ပုံတင်မရှိပါက ကလေးငယ်ကိုသန်းခေါင်းစာရင်းထဲ ထည့်သွင်း၍မရကြောင်း နှင့် ကလေးပညာရေး ကိုပါထိခိုက်နိုင်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ single mother ဆိုပြီးဂုဏ်ယူစွာနဲ့ရပ်တည်လာနိုင်တဲ့အမျိုးသမီးတွေရှိနေပြီး သူတို့ကမွေးတဲ့ကလေးတွေအတွက် အခွင့်အရေးတွေကိုပါ ဆက်ပြီးပေးဖို့လိုအပ်ပါတယ် “ ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာConvention on the Right of the child ကို ၁၉၉၁ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကလေးသူငယ်ဥပဒေကို ၁၉၉၃ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ကလေးသူငယ်တို့၏ အခြေခံအခွင့်အရေးများဖြစ်သည့် အသက်ရှင်ရပ်တည်မှုဆိုင်ရာအခွင့်အရေးများ ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေးများ ၊ ကာကွယ်မှုဆိုင်ရာအခွင့်အရေးများ နှင့် ပါဝင်ဆောင်ရွက်မှုဆိုင်ရာအခွင့်အရေးများကို ပြဌာန်းထားသည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...