ကျောက်မဲမြို့လယ်ခေါင် ဗက(ငြိမ်း) တဦး သေနတ်ပစ်သတ်ခံရ

ကျောက်မဲမြို့လယ်ခေါင် ဗက(ငြိမ်း) တဦး သေနတ်ပစ်သတ်ခံရ
Photo credit to ကျောက်မဲသား တဦး- ပစ်ခတ်မှုဖြစ်ပွါးသည့်နေရာ
Photo credit to ကျောက်မဲသား တဦး- ပစ်ခတ်မှုဖြစ်ပွါးသည့်နေရာ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ မြို့လယ်ခေါင်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၂၇ ရက် ယနေ့ည ရ နာရီအချိန်ခန့်က ကျောက်မဲမြို့ မြို့လယ်ခေါင် ဗလီ အနီးတွင် အဆိုပါ အမျိုးသား သေနတ်ပစ်ခြင်းခံရကြောင်း၊ သေနတ်ပစ်ခံရသူသည် ဗိုလ်ကြီး(ငြိမ်း) ဦးရဲလင်းအောင် ဆိုသူဖြစ်ကြောင်း ကျောက်မဲမြို့ ဇီဝိတ လူမှု ကူညီရေး အသင်းမှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ဗက(ငြိမ်း) ဦးရဲလင်းအောင် နဲ့ သူ့ တပည့်က ဆိုင်ကယ် စီးလာတယ်။ မြို့လယ်ခေါင် ဗလီအနီးမှာ ည ရ နာရီ ၂၀ လောက်ပစ်ခံရတယ်” ဟု ဦးတင်မောင်သိန်းက ဆိုသည်။

ရင်ဘတ်တွင်ထိသဖြင့် ပစ်ခတ်ခံရသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းလည်း ကျောက်မဲဒေသခံတဦးကပြောသည်။

သေနတ်ပစ်ခံရသည့် ဗက (ငြိမ်း)ဦးရဲလင်းအောင်သည် ကျောက်မဲမြို့ တွင် နာမည်ကြီး ပွဲစားကြီး သူဌေး ဦးသစ်လွင် ၏ သားမက်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လတ်တလော မဖြေကြားနိုင်သေးဟု ကျောက်မဲမြို့ မြို့မ ရဲစခန်းက ပြောသည်။

ပစ်ခတ်မှုလက်သည်မှာ ဆိုင်ကယ်စီး လူ ၂ ဦးဖြစ်ပြီး ပစ်ခတ်ပြီးသည်နှင့်ထွက်ပြေးသဖြင့် လက်ရှိအချိန်အထိ ဖမ်းမိခြင်းမရှိသေးကြောင်းလည်း – သိရပါသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...