ကျိုက်ထီးရိုးရင်ပြင်နှင့် အနီးနားက ထွက်ရှိလာတဲ့မိလ္လာတွေကို တောင်စောင်းတွင် နှစ်ပေါင်းများစွာ စည်းကမ်းမဲ့စွန့်ပစ်နေ

ကျိုက်ထီးရိုးရင်ပြင်နှင့် အနီးနားက ထွက်ရှိလာတဲ့မိလ္လာတွေကို တောင်စောင်းတွင် နှစ်ပေါင်းများစွာ စည်းကမ်းမဲ့စွန့်ပစ်နေ

မွန်ပြည်နယ်မှာတည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဟာ ပြည်တွင်းခရီးသည်များသာမက ပြည်ပနိုင်ငံမှဘုရားဖူးခရီးသည်များအကြားတွင်မှာပါ ထင်ရှားသည့်စေတီတော်တစ်ဆူပါ။

ဘုရားဖူးရာသီရောက်လာပြီးဆိုရင် သိန်းကျော်တဲ့ဘုရားဖူးခရီးသည်တွေဟာ နှစ်စဉ်လာရောက်ဖူးမြော်ကြပါတယ်။

ဘုရားခရီးသည်တွေများလာတာနှင့် တောင်ပေါ်မှာရှိတဲ့သန့်စင်ခန်းတွေကနေ ထွက်ရှိလာတဲ့အညစ်အကြေးနှင့် မိလ္လာတွေကို စနစ်တကျစွန့်ပစ်ခြင်းမရှိဘဲ ကျီးကန်းပါးစပ်နှင့်မုဆိုးတောင်အကြားမှာရှိတဲ့ နတ်ရေတွင်းမြောင်မှာ စည်းကမ်းမဲ့စွန့်ပစ်ထားတာပါ။

ရင်ပြင်တော်နှင့်အနီးနားတောင်တွေမှာရှိသည့် သန့်စင်ခန်းတွေကနေ နတ်ရေတွင်းမြောင်ဆီ ပိုက်လိုင်းဖြင့် သွယ်တန်းပြီး စွန့်ပစ်နေတာပါ။

နတ်ရေတွင်းမြောင်းမှာ စွန့်ပစ်နေတာကတော့ သိုလှောင်ကန်နှင့် စနစ်တကျစွန့်ပစ်ခြင်းမျိုးမဟုတ်ဘဲ တောင်စောင်းမှာပဲ အညစ်ကြေးတွေကို စွန့်ပစ်ထားတာပါ။

မိလ္လာပိုက်များမှာ မကြာခဏပေါက်ခြင်း၊ ယိုစိမ့်ခြင်းများရှိနေပြီး နတ်ရေတွင်းမြောင် လမ်းကြောင်းတစ်လျှောက် စီးဆင်းလာသောရေများသည် မိုးဘောချောင်းတွင် အဆုံးသတ်ပြီး အနီးနားတွင် မိုးဘောရွာ ၊ ကျောက်ဖျာ ၊ ဂနိုင်တိုး ၊ ဇီးပြောင်း အစရှိတဲ့ရွာတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိလ္လာနှင့်အညစ်ကြေးများ စွန့်ပစ်ထားသည့်နေရာသည် ကျီးကန်းပါးစပ်နှင့်မုဆိုးတောင်အကြားတွင်ရှိသည့် နတ်ရေတွင်းနှင့် ပေ (၂၀၀)ခန့်သာ ဝေးကွာသဖြင့် အနံ့အသက်များခံစားရသည်ဟု ဒေသခံတွေက ဆိုသည်။

ကျိုက်ထီးရိုးတောင်တော် မိလ္လာစွန့်ပစ်သည့်အခြေအနေနှင့်ပတ်သက်၍ ဂေါပကထံတွင် အချက်အလက်နှင့်မှတ်တမ်းများ ပြုစုထားခြင်းမရှိကြောင်း ၊ မိုးဘောချောင်းအတွင်းသို့မိလ္လာပိုက်ကြီးဖြင့် နှစ်ပေါင်းများစွာစွန့်ပစ်ထားမှု၏နောက်ဆက်တွဲ အကျိုးဆက်ကို လျစ်လျှူရှုထားရန် မသင့်ကြောင်း မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...