တိုင်းရင်းသားစာပေ (မွန်) မြို့နယ်အဆင့်ထူးချွန်စာမေးပွဲ သံဖြူဇရပ်တွင် ကျင်းပ

တိုင်းရင်းသားစာပေ (မွန်) မြို့နယ်အဆင့်ထူးချွန်စာမေးပွဲ သံဖြူဇရပ်တွင် ကျင်းပ

တိုင်းရင်းသားစာပေ (မွန်) ထူးချွန်စာမေးပွဲကို သံဖြူဇရပ်မြို့ အမှတ် (၁) အထက်တန်းကျောင်းတွင် ယနေ့ ကျင်းပခဲ့သည်ဟု သိရသည်။

ယင်းစာမေးပွဲသို့ ပထမတန်းမှ ပဉ္စမတန်းအထိ ကျောင်းသားကျောင်းသူပေါင်း ၁၆၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ထူးချွန်ကျောင်းသား ၃၃ ဦးကို ရွေးချယ်ပြီး ဆုများ ချီးမြှင့်သွားမည်ဖြစ်ကျောင်းလည်း သိရသည်။

သံဖြူဇရပ်တစ်မြို့နယ်လုံးအနေဖြင့် ကျောင်းပေါင်း ၇၈ ကျောင်းတွင် တိုင်းရင်းသားစာပေ (မွန်) သင်ကြားလေ့လာနေသည့်ကျောင်းသားကျောင်းသူပေါင်း ၈၀၀၀ ကျော်ရှိပြီး မွန်စာသင်ဆရာ၊ ဆရာမပေါင်း ၁၃၂ ဦးက ဆရာမကြီး ဒေါက်တာ ခင်သူဇာ၏ ဦးဆောင်မှုဖြင့် သံဖြူဇရပ် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့်ပူးပေါင်းကာ သင်ကြားပြသပေးလျက်ရှိသည်။ တိုင်းရင်းသားစာပေ (မွန်) အစီအစဉ်တွင် မွန်မဟုတ်သည့်ကျောင်းသားများလဲ လေ့လာသင်ယူကြသည်ဟု ဆရာမမိငြိမ်းရီကပြောပါသည်။

သံဖြူဇရပ်မြို့နယ်တွင် နေရာသီမွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်းတွင်လည်း မွန်စာလေ့လာသင်ယူနေသည့်ကလေးငယ်ပေါင်း နှစ်စဉ် သောင်းချီရှိသည်ဟု စာရင်းဇယားများအရ သိရသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...