ရူပီး ၅ဝဝနှင့် ၁ဝဝဝ တန် တရားမဝင်ငွေစက္ကူအဖြစ်ကြေငြာပြီးနောက် မီဇိုရမ်ရောက် မြန်မာကုန်သည်နှင့် အလုပ်သမားများအခက်တွေ့

ရူပီး ၅ဝဝနှင့် ၁ဝဝဝ တန် တရားမဝင်ငွေစက္ကူအဖြစ်ကြေငြာပြီးနောက် မီဇိုရမ်ရောက် မြန်မာကုန်သည်နှင့် အလုပ်သမားများအခက်တွေ့
by -
ခိုနူမ်းထုန်
အိန္ဒိယ နိုင်ငံတွင် ရူပီးငွေ ၅၀၀ နှင့် ၁၀၀၀ တန်များကို တရားမဝင်ငွေစက္ကူအဖြစ် အိိန္ဒိယအစိုးရက အောက်တိုဘာလ ၈ရက်နေ့က ကြေငြာလိုက်ပြီးနောက် မီဇိုရမ်ပြည်နယ်ရှိ မြန်မာကုန်သည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ ငွေလှဲလှယ်ရေးတွင် အခက်ကြံုနေကြရသည်ဟု သိရသည်။

အဆိုပါငွေစက္ကူများသည် နို၀င်ဘာလ ၈ ရက်ည သန်းခေါင်ယံကစပြီး သုံးစွဲခွင့်မရှိတော့ဘဲ ဒီဇင်ဘာလ ၃၀ နေ့အထိ ဘဏ်၊ စာတိုက်ရုံးများတွင် အိန္ဒိယနိုင်ငံသားစီစစ်ရေးကဒ်ပြားဖြင့် လှဲလှယ်ခွင့်ရှိမည်ဖြစ်သည်။ သို့သော်လည်း အိန္ဒိယနိုင်ငံသားစီစစ်ရေးကဒ်(မှတ်ပုံတင်)မရှိသော မီဇိုရမ်ပြည်နယ်မှ မြန်မာကုန်သည်များ ၊ ရွှေ့ပြောင်းအလုပ်သမားအတွက် ငွေလှဲလှယ်ရေးအတွက် အခက်ကြံုနေကြခြင်းဖြစ်သည်။

 “ကျနော်တို့က ဒီဘက်နိုင်ငံသားလည်းမဟုတ်ဘူး၊ ID card, PAN card တွေလည်း မရှိတော့ အခက်တွေ့ တာပေါ့။ လှဲပေးနိုင်တဲ့သူတွေ ကို အကူအညီတောင်းရမှာဘဲ”ဟု မြန်မာကုန်သည်တစ်ဦးကပြောသည်။

မီဇိုရမ်ရောက် မြန်မာယက္ကန်းသမားတစ်ဦးက “သတင်းကြားကြားချင်းတော့ စိတ်ပူတာပေါ့၊ ကျနော်တို့က ID card, PAN card မပြောနဲ့ မီဇိုစကားတောင် မတတ်တဲ့သူတွေဖြစ်တယ်။ ဒါပေမယ့်  အလုပ်ရှင်တွေနဲ့ တိုင်ပင်ပြီး အလုပ်ရှင်ကိုယ်တိုင် လှဲပေးမယ်ဆိုမှ စိတ်သက်သာရာ ရတော့တယ်” ဟု ပြောသည်။

ရူပီး ၅၀၀ နှင့် ၁၀၀၀ တန်အား ယခုကဲ့သို့ တရားမဝင်ငွေစက္ကူအဖြစ်ကြေငြာလိုက်ခြင်းသည် အိန္ဒိယနိုင်ငံတွင် များပြားလှသော တရားမဝင်ငွေကြေး(ငွေမဲ) ခဝါချရန် နှင့် လူထုအကြားကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနေသည့်  ၅၀၀နှင့် ၁၀၀၀ တန်ငွေစက္ကူအတုများ ပပျောက်စေရေးအတွက်ဖြစ်သည်ဟု အိန္ဒိယဝန်ကြီးချူပ်က ပြောဆိုခဲ့ သည်။

သို့သော်လည်း ရူပီးငွေ ၅၀၀ တန်အသစ် နှင့် ၂၀၀၀ တန်တို့ကို အိန္ဒိယအစိုးရက အမြန်ဆုံးထုတ်ဝေသွားမည် ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...