မောင်တောမြို့နယ် ကညင်ချောင်းဝစခန်းကို အကြမ်းဖက်သမားများတိုက်ခိုက်

မောင်တောမြို့နယ် ကညင်ချောင်းဝစခန်းကို အကြမ်းဖက်သမားများတိုက်ခိုက်
by -
နိရဥ္စရာ
( ၉/၁၀ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နယ်စပ်တွင် ကင်းလှည့်နေသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ/ ဓာတ်ပုံ- ဖိုးထူး)
( ၉/၁၀ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နယ်စပ်တွင် ကင်းလှည့်နေသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ/ ဓာတ်ပုံ- ဖိုးထူး)
ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ဖက်ခြမ်းရှိ အောင်ဗလရွာအထက်ဖက် ကညင်ချောင်းဝ စခန်းအား ဓားကိုင်ဆောင်ထားသည့် လူ ၁၅ ဦးခန့်ပါ၀င်သော အကြမ်းဖက် အဖွဲ့တစ်ခုက နိင်္ဘာလ ၉ ရက် ည ၈ နာရီ ၂၀ မိနစ်ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု နိရဥ္စရာမှ သတင်းရရှိသည်။

“ ဖြစ်စဉ်မှန်ပါတယ်။ နိုဝင်ဘာ ၉ ရက် ည ၈ နာရီ ၂၀ မိနစ်ခန့်မှာ ဓားကိုင်ဆောင်တဲ့ အကြမ်းဖက်သမား ၁၅ ဦးခန့်က ကျွန်တော်တို့ကင်းသမားကို တက်ခုတ်တယ်။ အဲတော့ ပစ်ခတ်မှုတွေဖြစ်တယ်။ အကြမ်းဖက်သူ နှစ်ဦးကတော့ မဆိုစလောက် ဒဏ်ရာ ရတာကြောင့် မောင်တောဆေးရုံကို ပို့ထားပါတယ်” ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပထမတန်းဦးစီး အရာရှိ တစ်ဦးမှ နိရဥ္စရာသို့ ပြောကြားသည်။

တိုက်ခိုက်မှုဖြစ်ပွားစဉ် အကြမ်းဖက်သူနှစ်ဦးအား ဒဏ်ရာနှင့် ဖမ်းမိခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဘက်မှ  ထိခိုက်ကျဆုံး ဒဏ်ရာရသူ မရှိကြောင်း ၎င်းအရာရှိမှ ဆက်လက် အတည်ပြုပြောကြားသည်။

ဒဏ်ရာရသူ သူနှစ်ဦးတွင် တစ်ဦးမှာ ကျောကိုထိမှန်ပြီး အခြားတစ်ဦးမှ ခြေသလုံးထိမှန်ကြောင်း ဓားတစ်ချောင်းကိုပါ သိမ်းဆည်းရမိခဲ့ပြီး ဘယ်ကလာသည်၊ မည်သူမည်ဝါဖြစ်သည် ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ပထမတန်း ဦးစီးအရာရှိမှ ဆက်လက် ပြောဆိုသည်။

“သူတို့က ဗမာစကားလုံးဝမတတ်ဘူး။ မေးလိုလည်းမရဘူး။ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေမှာလည်း အဲဒီစကား တတ်တဲ့သူမရှိဘူး။ စစ်ဆေးရေးအဖွဲ့ကို စစ်ဆေးဖို့ပြောထားတယ်။ အခုတော့ ဆေးရုံမှာပါ” ဟုပြောသည်။

မောင်တောဒေသတွင် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ဒေသ အတွင်းမှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ဘင်္ဂလီ အကြမ်းဖက်အုပ်စုများမှ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသဖြင့် နေရပ်ကို ပြန်ရောက်နေကြသည့် ရခိုင်တိုင်းရင်းသားများ အနေဖြင် ့စိုးရိမ်မကင်းဖြစ်နေကြပြီး ရွာပြင်ပသို့ ထွက်ပြီး အလုပ် လုပ်ကိုင်ရန်မှာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ရခိုင်ဒေသခံများက ပြောသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...