ချင်းပြည်နယ်၏ ပထမဆုံးကောလိပ် ဟားခါးမြို့တွင် ဖွင့်လှစ်ပြီ

ချင်းပြည်နယ်၏ ပထမဆုံးကောလိပ် ဟားခါးမြို့တွင် ဖွင့်လှစ်ပြီ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်၏ ပထမဆုံးကောလိပ်ဖြစ်လာမည့် ၀ိဇ္ဇာ/သိပ္ပံ ကောလိပ်ကို ပြည်နယ်မြို့တော် ဟားခါးမြို့တွင် နို်င်ငံတော် ဒုတိယ သမ္မတဦးမြင့်ဆွေ က နို၀င်္ဘာလ ၉ရက်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟားခါးကောလိပ်ကို လာမည့် ဒီဇင်ဘာလတွင် စတင်လည်ပတ်နိုင်ရန်စီစဉ်ထားပြီး ယခုကဲ့သို့ ကောလိပ်ရှိလာ သည့်အတွက် ယခင်က ချင်းကျောင်းသူကျောင်းသားများ ကြံုတွေ့နေရသော အခက်အခဲများကိုလည်း ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ချင်းပြည်နယ်လူမှုရေး ၀န်ကြီး ပေါင်လွန်မင်းထန်ကပြောသည်။

“နယ်ဝေးမှာသွားတက်တဲ့အခါမှာ အချိန်ရယ်၊ ပိုက်ဆံရယ် အခက်အခဲအများကြီးကြံုရတယ်လေ၊ ခုတော့ ချင်းပြည်နယ်ထဲက ကလေးတွေ ၁၀ တန်း အောင်တာနဲ့ ဒီမှာတက်လို့ရတော့မှာဆိုတော့ ပြဿနာတော်တော်များများတော့ လျှော့သွား မှာပေါ့’’ ဟု ၀န်ကြီးက ခိုနူန်းသုန်ကိုပြောသည်။

ချင်းပြည်နယ်တွင် ကောလိပ်မရှိသည့်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ချင်းကျောင်းသူကျောင်းသားများ သည် ယနေ့ချိန်ထိ ပြည်မ ဘက် အထူးသဖြင့် ကလေးတက္ကသိုလ်သို့ တက်ရောက်လေ့ရှိကြရသည်။

ဟားခါးကောလိပ်သည် ကလေးတက္ကသိုလ်လက်အောက်တွင် တည်ရှိမည်ဖြစ်ပြီး ဒီဂရီကောလိပ် အဆင့်သို့ တဖြည်းဖြည်းတိုးမြှင့်သွား မည် ဖြစ်သည်ဟု ၀န်ကြီးကပြောသည်။

“လောလောဆယ်တော့ ဒီဂရီကောလိပ်တော့မဟုတ်သေးဘူး ဒါပေမယ့် တဖြည်းဖြည်းရသွားမယ် ဒီမှာကျောင်းပြီးနိုင်တဲ့ အဆင့်ထိ ဘွဲ့ရနိုင်တဲ့ အဆင့်ထိလုပ်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ချင်းပြည်နယ်အတွင်းမှာ ဘွဲ့ရကျောင်းသားလိုအပ်မှုကို ဖြည့်ဆည်းနိုင်မယ် အဲဒါကြောင့်တော်တော့ကို အကျိူးရှိမယ်’’ ဟု ၀န်ကြီးကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...