ကချင်ပြည်နယ်အစိုးရ၏ ဝန်ကြီးဌာနသစ် ဖွဲ့စည်းရန် မဲပေးမှု ရှုံးနိမ့်

ကချင်ပြည်နယ်အစိုးရ၏ ဝန်ကြီးဌာနသစ် ဖွဲ့စည်းရန် မဲပေးမှု ရှုံးနိမ့်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အရေးပေါ်လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းရန်အတွက် ယနေ့ လွှတ်တော်ကိုစားလှယ်များ၏ မဲဆန္ဒဖြင့် ရယူဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။

လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဌာနနှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဟုသီးခြားခွဲထုတ်ရန် ကချင်ပြည်နယ်အစိုးရဘက်မှ တင်သွင်းလာသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ကန့်ကွက်ခဲ့သောကြောင့် မဲခွဲပြီး ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။

“ကျမနေနဲ့ ပြောရမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဟာဆိုရင် ကချင်ပြည်နယ်မှာ ဘတ်ဂျက် အများဆုံးသုံးတဲ့ ဌာနတစ်ခုတစ်ခုဖြစ်ပါတယ်။ ရတဲ့ ဘတ်ဂျက်အားလုံးက ဒီဌာနထဲမှာ အများဆုံးသွားတယ်။ အလုပ်လည်း အင်မတန်များပါတယ်။ ဒါကြောင့် ယခုလက်ရှိဆောင်ရွက်နေတဲ့ ကိစ္စတွေကို ချောမောစွာဆက်လက် ဆောင်ရွက်နိုင်ရန် အတွက် လောလောဆယ် ဒီဌာနတစ်ခုဖွဲ့စည်းရန် ရပ်ထားစေလိုကြောင်း” ဟု အင်းဂျန်ယန် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် Jan Ja Seng Hkawn (ဒေါ်ဂျာဆိုင်းခေါန်)က အဆိုပြုတင်သွင်းခဲ့သည်။

၎င်းကန့်ကွက်မှုများကြောင့် လွှတ်တော်ကိုယ်စားလှယ်မဲပေးပိုင်ခွင့်ရှိသူ ၄၆ဦး၏ မဲဆန္ဒရယူရာတွင် ထောက်ခံမဲ ၁၈မဲနှင့် ကန့်ကွက်မဲ ၂၈မဲဖြင့် ဝန်ကြီးဌာနတစ်ခုဖွဲ့စည်းရန် ပျက်ပယ်သွားခြင်းဖြစ်သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေသည့် ဝန်ကြီး ၃ဦး နေရာမှာ အစားထိုးခန့်အပ်မယ့် ဝန်ကြီးသစ်အမည်စာရင်းများကိုလည်း တင်သွင်းခဲ့သည်။

အဆိုပါဝန်ကြီးအမည်စာရင်းသစ်များမှာ လူမှုရေးဝန်ကြီးအဖြစ် လက်ရှိစည်ပင်ဝန်ကြီး ဦးနေဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးဒါရှီလဆိုင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးအဖြစ် ဦးကျော်ကျော်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဦးနော်လီတို့ကို တင်သွင်းထားသည်။

ဌာနဆိုင်ရာ ဝန်ကြီးအသစ်အဖြစ် အမည်စာရင်းတင်သွင်းထားခံရသောသူများကို ကန့်ကွက်လိုပါက ယနေ့အမည်စာရင်းတင်ပြရမည်ဖြစ်ပြီး ဇန်နဝါရီလ ၃၀ရက်နေ့ နောက်ဆုံး လွှတ်တော်အစည်းအဝေး မှာ ဆွေးနွေးအတည်ပြု သွားမည်ဖြစ်ကြောင်းသိရသည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...