စစ်တွေဒကစ ဌာနချုပ်ရှိ လက်နက်တိုက် ပေါက်ကွဲ

စစ်တွေဒကစ ဌာနချုပ်ရှိ လက်နက်တိုက် ပေါက်ကွဲ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (စစ်တွေဌာနချုပ်)၏ ဗဟိုကင်းတွင် ယနေ့ (နိုဝင်ဘာ ရ ရက်) မွန်းလွဲ ၁၂ နာရီကျော်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က နိရဥ္စရာသို့ အတည်ပြုပြောသည်။

“ပေါက်ကွဲမှုဖြစ်တာ မှန်ပါတယ်။ လက်နက်တိုက််မှာရှိနေတဲ့ ယမ်းတွေရဲ့ ချို့ယွင်းချက်မှုကြောင့် ပေါက်ကွဲခဲ့တာပါ။” ဟု ဝန်ကြီးဦးမင်းအောင်က ဆိုသည်။

ယခုကဲ့သို့ပေါက်ကွဲခဲ့မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ရ၆ မမ အလုံးရေ ၂၄ဝ ပျက်စီးဆုံးရှုံးခဲ့ပြီး ၁၂ဝ မမ အလုံးရေ ၂၄ဝ ကို ထိန်းသိမ်းနိုင်လိုက်နိုင်သည်ဟု ဝန်ကြီးက ဆိုသည်။

အခင်းဖြစ်ပွားရာအနီးရှိ မျက်မြင်တစ်ဦးက “အချက် ၃ဝ လောက်ပေါက်ကွဲသံတွေ ထွက်လာပါတယ်။ တချက် တချက်ကြားလိုက်တိုင်း မိုးခြိမ်းသံတွေလိုမြည်ဟိန်းသွားတာပဲ”ဟု နိရဥ္စရာသို့ပြောသည်။

ပေါက်ကွဲခဲ့ရာတွင် မီးခိုးလုံးများလည်း ဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားအချို့လာရောက်မီးငြိမ်းသတ်မှုကြောင့် နေ့လယ် ၂ နာရီ မိနစ် ၂ဝ ခန့်တွင် အခြေအနေအားလုံးကို ထိန်းသိမ်းလိုက်နိုင်သည်ဟုလည်း ပြည်နယ်အစိုးရထံမှ သိရသည်။

မာန်ယုကျော် ပုံစာ စစ်တွေ ဒကစဌာနချုပ်ရှေ့မြင်ကွင်းအား ပေါက်ကွဲမှုအပြီး တွေ့ရစဉ်  

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...