နတ်မြစ်အတွင်း အမြန်ရေယာဉ်များဖြင့် ပိတ်ဆို့ရှင်းလင်းရေးတွေလုပ်ဆောင်

နတ်မြစ်အတွင်း အမြန်ရေယာဉ်များဖြင့် ပိတ်ဆို့ရှင်းလင်းရေးတွေလုပ်ဆောင်
by -
နိရဥ္စရာ
မြန်မာ- ဘင်္ဂလာဒေ့ရှ်် နယ်စပ် နတ်မြစ်ကြောင်း တစ်လျှောက် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ အမြန်ရေယာဉ်တွေဖြင့်  ပိတ်ဆို့ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြောင်း သိရသည်။

ယခုလို ဆောင်ရွက်သည့် နေရာတွင် တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ် နိုင်ငံ BGB တပ်ဖွဲ့( နယ်ခြားစောင့် တပ်ဖွဲ့) နှင့် ဆက်သွယ် ညှိနိုင်းပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားမှာ တည်ရှိသည့် နတ်မြစ်ကြောင်းသည် အရှည် ၃၂ မိုင် ရှိပြီး မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့အနောက်ဘက်ရှိ နှစ်နိုင်ငံနယ်စပ်တံတားအနီးကနေ စတင်မြစ်ဖျားခံစီးဆင်းပြီး မောင်တောမြို့နယ်၊ အလယ်သံကျော်ရွာတောင်ဘက်ရှိ တုံးချောင်းဝတွင် ဘင်္ဂဘားပင်လယ်အော်အတွင်းသို့ စီးဝင်ကြောင်း သိရသည်။

နတ်မြစ်ကြောင်းတစ်လျှောက် မြန်မာနိုင်ငံ နယ်ခြားစာင့်ရေကြောင်းရဲတပ်ဖွဲ့သည် အမြန်တိုက်ခိုက်ရေးရေယာဉ်များ၊ ရော်ဘာဘုတ်များကို အသုံးပြုပြီး နေ့ရောညပါ လှည့်လည်လုံခြံုရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

အခုလို ဆောင်ရွက်ရတာက တရားမဝင် ရွှေ့ပြောင်းသွားလာသူများ ၀င်ရောက်မှုမရှိစေရန်၊ တရားမဝင် လက်နက်မှောင်ခိုမှုများ၊ မူးယစ် ဆေးဝါးသယ်ယူရောင်းချမှုများ၊ တရားမဝင်ငါးဖမ်းမှုများအား တားဆီးကာကွယ်ရန်၊ ဖမ်းဆီးအရေးယူရန်နှင့် ပင်လယ်ဓားပြရန်မှ ကာကွယ်နှိမ်နင်းရန် အတွက် ဖြစ်ကြောင်း သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...