မင်းပြားတွင် မီးလောင်၍ ဆန်စက်၊ သစ်စက်များနှင့် လူနေအိမ်များ မီးထဲပါ

မင်းပြားတွင် မီးလောင်၍ ဆန်စက်၊ သစ်စက်များနှင့် လူနေအိမ်များ မီးထဲပါ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် မေလ ၁၅ရက်နေ့ နံနက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားရာ ဆန်စက်၊ သစ်စက် အပါအဝင် အနည်းဆုံး အဆောက်အဦး ၂၃ လုံးမီးထဲပါသွားကြောင်း မင်းပြားမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

“အဲဒါက တိတိကျကျ မရသေးပါဘူး။ အတည်ပြုချက် ရယူနေပါတယ်။ အဆောင်တွေ အပါအဝင် အိမ်က ၂၃ ဆောင် မီးထဲပါသွားပါတယ်။ ဆန်စက်က စုစုပေါင်း ၈ လုံး မီးလောင်သွားပါတယ်။ အခု စာရင်းကောက်တုန်း ဖြစ်နေသေးတဲ့ အတွက် အသေးစိတ် မပြောနိုင်သေးပါဘူး” ဟု နိရဥ္စရာသို့ ပြောကြားသည်။

မီးမှာ နံနက် ၁ နာရီကျော်တွင် စတင် လောင်ကျွမ်းခဲ့ပြီး နံနက် ၃ နာရီခွဲ၊ ၄ နာရီခန့်တွင် မီးညွှန့်ကျိုးကျသွားခဲ့သည်ဟု မျက်မြင်များ က ပြောသည်။

မီးဘာကြောင့် စတင်လောင်ကျွမ်းသည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ စာရင်းလည်း ကောက်ယူနေတုန်း ဖြစ်နေသဖြင့် ဆုံးရှံုးမှု တန်ဖိုးကို မသိရသေးကြောင်း၊ ရဲအရာရှိက ဆက်လက် ပြောကြားသည်။

ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းဇံက “တစ်နာရီကျော်ကနေ ဆန်စက်တန်းက စလောင်တာပါ။ ဆန်စက်က အကုန်လုံးလောင်သွား ပါတယ်။ သစ်စက်တွေ သစ်ဆိုင်တွေလည်း ပါသွားပါတယ်။ စျေးဆိုင်နဲ့ လူနေအိမ်တွေလည်း ပါသွားပါတယ်” ဟု ပြောသည်။

မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့က လာရောက် မီးငြိမ်းသတ်သော်လည်း မီးလောင်သည့်နေရာမှာ ချောင်းတစ်ဘက်ကမ်းရှိ ဦးစောတင့်ရပ်ကွက်တွင် ဖြစ်နေသဖြင့်  မြို့ထဲကနေ၍ မီးငြိမ်းသတ်ရသဖြင့် ပိုမို လောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း ဦးသိန်းဇံက ပြောဆိုသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...