Published
Tuesday, November 08, 2016
နိုင်ငံတော် ဒု-သမ္မတ (၁) ဦးမြင့်ဆွေ ချင်းတောင်လာမည်
နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေသည် နိုဝင်ဘာလ ၉ ရက်နေ့တွင် ချင်းပြည်နယ်သို့ ရောက်ရှိလာမည်ဟု ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေ့ကပြောသည်။
ဒု-သမ္မတ(၁)၏ ပထမဆုံးအကြိမ် ချင်းပြည်နယ်ခရီးစဉ်တွင် ဖလမ်းမြို့နယ် လုံပီးရွာတွင် ဆောက်လုပ်ထားသော စိုက်ပျိူး ရေးကျောင်းနှင့် ချင်းပြည်နယ်၏ ပထမဆုံးသော ပညာရေးကောလိပ်ကို ဟားခါးမြို့တွင်ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။
ထိုမှတဆင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် မတူပီမြို့သို့ ဆက်သွားမည်ဟုသိရသည်။
ဒု-သမ္မတ ခရီးစဉ်ကြောင့် ချင်းပြည်နယ်တွင် လမ်းသန့်ရှင်းခြင်း၊ပြုပြင်ခြင်း၊ ဆေးရုံ၊ ဌာနဆိုင်ရာအဆောက်အဦးများ ဆေးသုတ်ခြင်းများ အပူတပြင်းပြုလုပ်လျက်ရှိကြသည်။







