ကျောင်းချိန်အတွင်း ရခိုင်ဘာသာစာပေကို သင်ကြားခွင့်မရသေး

ကျောင်းချိန်အတွင်း ရခိုင်ဘာသာစာပေကို သင်ကြားခွင့်မရသေး
by -
နိရဥ္စရာ
ပုဏ္ဍားကျွန်းမြို့နယ်စေတီပြင်မူလတန်းကျောင်းမှ ကလေးငယ်များ (ဓါတ်ပုံ- နိရဥ္စရာ)
ပုဏ္ဍားကျွန်းမြို့နယ်စေတီပြင်မူလတန်းကျောင်းမှ ကလေးငယ်များ (ဓါတ်ပုံ- နိရဥ္စရာ)
မွန်ပြည်နယ်တွင် မွန်၊ ကရင်၊ ပအိုဝ်း စာပေများကို ကျောင်းချိန်အတွင်း လာမည့် ဇွန်လမှစပြီးစတင် သင်ကြားတော့ မည် ဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် ကျောင်းချိန်အတွင်း သင်ကြားရန် အစီစဉ်မရှိသေးကြောင်း သတင်း ရရှိသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ် ရခိုင်ဘာသာ စာပေကို သင်ကြားနေတာ ၂ နှစ်ရှိပါပြီ။ ဒါပေမယ့် ကျောင်းချိန်အတွင်း မဟုတ်ပါဘူး။ ကျောင်းချိန်ပြင်ပမှသာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ ကျောင်းချိန်အတွင်း သင်ကြားရန် အစီအစဉ် မရှိသေးပါ” ဟု ရခိုင်ပြည်နယ် ပညာရေးဌာန လက်ထောက် ညွှန်ကြားရေး ဦးမောင်သာက နိရဥ္စရာသို့ ပြောဆိုသည်။

တိုင်းရင်းသားဘာသာစာပေကို ကျောင်းချိန်အတွင်း သင်ကြားခွင့်မရဘဲ ကျောင်းချိန်ပြင်ပတွင် သင်ကြားပါက ထိရောက်မှု ရှိမရှိနှင့် ပတ်သက်၍ နိရဥ္စရာမှ မေးမြန်းရာတွင် ၎င်းက “မိခင်ဘာသာစကားဆိုတော့ ကလေးတွေက စိတ်ဝင်စားကြပါတယ်။ တတ်မြောက်လွယ်တဲ့အတွက် အကျိုးရှိပါတယ်။ လောလောဆယ်မှာတော့ ကျောင်းချိန်ပြင်ပ ကျောင်းချိန် မတိုင်မီ နံနက်ပိုင်း မဟုတ်ရင်၊ ညနေ ကျောင်းဆင်းချိန်ပြီးရင် သင်ကြားပေးပါတယ်။ သံတွဲတို့၊ ဂွမြို့နယ်တို့မှာလည်း သင်ကြားကြပါတယ်” ဟု ဆက်ပြောသည်။

ထို့အပြင် ရခိုင်စာပေအား ကျောင်းချိန်အတွင်း သင်ကြားမည်ဆိုပါက အထက် တာဝန်ရှိသူများနှင့် ဆွေးနွေးရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

ရခိုင်ဘာသာစကား သင်ကြားရေးအတွက် အခုအခါ မူလတန်းအဆင့် ကျောင်းသုံးစာအုပ်များကို ပြုစုပြဌာန်းထားပြီး ဖြစ်သော်လည်း သင်ကြားရေးအပိုင်းတွင် ကျောင်းချိန်ပြင်ပတွင် ဖြစ်နေသဖြင့် ၀တ်ကျေတန်းကျေ သင်ကြားနေကြ၍ အောင်မြင်မှု မရဘဲ ဖြစ်နေ သည်ဟု သတင်းများ ရရှိသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...