မောင်တောနယ်ခြားစောင့်တပ် ကွပ်ကဲရေးမှူးဟောင်းကို အကျယ်ချုပ်ချ

မောင်တောနယ်ခြားစောင့်တပ် ကွပ်ကဲရေးမှူးဟောင်းကို အကျယ်ချုပ်ချ
by -
နိရဥ္စရာ
မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်ဟောင်း မောင်မောင်ခိုင်အား စစ်ဆေးမေးမြန်း အရေးယူရန်အတွက်ဆိုကာ အကျယ်ချုပ် ချထားလိုက်ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်မှ နယ်ခြားစောင့် စခန်း သုံးခု တိုက်ခိုက်ခံရပြီးနောက် လုံခြံုရေးဆိုင်ရာ သုတေသန စစ်တမ်း ပြုလုပ် ခဲ့ပြီးနောက် ယခုလို အရေးယူရန် အကျယ်ချုပ်ချထားလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြောင်း ဘီဘီစီ (မြန်မာပိုင်း)က နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းက သတင်း ကြေညာသည်။

ရဲမှူးချုပ်ဟောင်း မောင်မောင်ခိုင်သည် အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရချိန်က မင်းပြားမြို့နယ်သို့ ရောက်ရှိနေကြောင်း သိရသည်။

ယခုအခါ ၎င်း၏ နေရာတွင် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးဌာနချုပ် ကွပ်ကဲရေးမှူး အဖြစ် ရဲမှူးချုပ် သူရစန်းလွှင်ကို အစားထိုး ခန့်အပ်ထားလိုက်ပြီ ဖြစ်သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...