မြစ်ဆုံရေကာတာ ရွေ့ပြောင်းဒေသခံများကို လက်မှုပညာ သင်ပေး

မြစ်ဆုံရေကာတာ ရွေ့ပြောင်းဒေသခံများကို လက်မှုပညာ သင်ပေး

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြောင့် ရွေ့ပြောင်းခံခဲ့ရသော ဒေသခံပြည်သူများ၏ ဝင်ငွေ အခွင့်အလမ်းများ ရရှိလာနိုင်ရန် ဝါးဖြင့်ပြုလုပ်သော လက်မှုပညာသင်တန်းတစ်ခုကို မြစ်ကြီးနား၊ အောင်မြင်သာ အစိုးရရွေ့ပြောင်းကျေးရွာတွင် ဇန်နဝါရီ ၇ရက်မှ ၁၀ရက်ထိ ၄ရက်ကြာ ပြုလုပ်နေပါသည်။

ဒေသခံပြည်သူများမှာ မိမိစားဝတ်နေရေးအတွက် လုပ်ငန်းများလုပ်ကိုင်လာနိုင်ရန် အခွင့်အလမ်းများ အလွန်နည်းပါးနေသည့်အတွက် တရုတ်ကုမ္ပဏီ SPIC ထောက်ပံ့မှုများကို ပုံမှန်ရယူနေရသောကြောင့် မိမိလုပ်ငန်းအဖြစ်ရပ်တည်လာနိုင်ရန် ကူညီထောက်အပံ့ ပေးသော သဘောဖြင့် ပြုလုပ်ပေးခြင်းဖြစ် သည်ဟု သင်တန်း တာဝန်ခံ Sarama Aung Ja က ကချင်သတင်းဌာန KNG သို့ ပြောဆိုသည်။

“သူတို့ရဲ့အဓိက ပြဿနာက ဒီကိုရွေ့ပြောင်းခဲ့ရတဲ့အချိန် ကိုယ့်ရဲ့နေရင်းဒေသမဟုတ်တော့ အခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရတယ်။ ဒီနေရာမှာ လုပ်ကိုင်စားသောက်ဖို့က ဝင်ငွေရသည့် နည်းအလမ်းကလည်း နည်းပါးနေတယ်။ ပြီးရင်သူတို့မှာ အတတ်ပညာတွေ ပိုပြီးလိုအပ်နေတာကို တွေ့ရတယ်။ ဒါကြောင့် တရုတ်ရဲ့ထောက်ပံ့မှုတွေက မရချင်ရင်လည်းယူနေရတယ်။ တဖက်မှာက နားလည်မှုတွေကွဲလွဲနေတာပေါ့။”

ဒေသခံပြည်သူများ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိလာမှသာ မြစ်ဆုံစီမံကိန်းကို ဆက်လက်ကန့်ကွက် နိုင်ရန် ပိုမိုအားကောင်းလာမည်ဟု ဆက်လက်ပြောဆိုသည်။

အဆိုပါသင်တန်းတွင် ဒေသအတွင်းမှာ ထွက်ရှိသည့် ဝါးဖြင့် ရေခွက်၊ ထိုင်ခုံ၊ လက်ကောက်များကို ပြုလုပ်ပြီး ဝါးမီးသွေး နှင့် ဝါးအဆီများရရှိလာသည့် နည်းပညာများကိုလည်းသင်ကြားပေးသည်။ ထို့အပြင် ရရှိလာသော ဝါးမီးသွေးနှင့်ဝါးအဆီးများကို ဆပ်ပြာခဲ၊ ဆပ်ပြာရေ စသဖြင့် အိမ်တွင်းသုံး ပစ္စည်းအမျိုးမျိုးကို သင်ကြားပို့ချပေးနေသည်။

သင်တန်းကို အဓိကအားဖြင့် အမျိုးသမီးများနှင့် လူငယ်များ စုစုပေါင်း ၃၀ကျော်ခန့် ကတက်ရောက်သင်ကြားခဲ့ပြီး များသောအားဖြင့် စစ်ရှောင်စခန်းမှ လူငယ်များဖြစ်သည်။

ယင်းသင်တန်းကို နိုင်ငံရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော Kachin Development Networking Group နှင့် Mungchying Rawt Jat (MRJ) မှတာဝန်ယူပြီး နေရပ်အသီးသီးမှ အဆင့်မှီ လက်မှုပညာရှင်များက လာရောက်သင်ကြားပေးခြင်းဖြစ်သည်။

September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...